တင်နက်ဆီပြည်နယ်

March 4, 2020

တော်နေးဒိုးမုန်တိုင်းကြောင့် အမေရိကန် တင်နက်ဆီပြည်နယ်၌ သေဆုံးသူ ၂၅ ဦးအထိရှိလာ

အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်အလယ်ပိုင်းမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က တော်နေးဒိုးမုန်တိုင်းနှစ်ခု တိုက်ခတ်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒီနေ့မနက်က ၂၅ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဝီလျံလီက ပြောကြားလိုက်ပါတယ်။   ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ နတ်ရှ်ဗီးလ်မြို့ကတော့  မုန်တိုင်းကြောင့် ထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီး အိမ်ခြေတွေနဲ့ အခြားအဆောက်အအုံတွေ တော်တော်များများ ပျက်စီးသွားခဲ့ရပါတယ်။ မုန်တိုင်းဟာ ညသန်းခေါင် လူအိပ်ချိန်မှာ တိုက်ခတ်ခဲ့တာမို့လို့  အိပ်ပျော်နေသူ အတော်တော်များများမှာ ဘေးလွတ်ရာခိုလှုံဖို့ အချိန်မရှိခဲ့ဘူးလို့  သိရပါတယ်။  မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးကတော့ နတ်ရှ်ဗီးလ်မြို့မှ အရှေ့ဘက်မိုင် ၈၀ အကွာက ပွတ်တ်နမ်ခရိုင်မှာဖြစ်ပြီး ဒီနေမနက်ပိုင်းအထိ သေဆုံးသူ ၁၉ ဦး ရှိပါတယ်။ နတ်ရှ်ဗီးလ်မြို့မှာလည်း ဒဏ်ရာရသူ ၁၅၀ လောက်ကို  ဆေးကုသမှုတွေ လုပ်ထားပါတယ်။ မုန်တိုင်းကြောင့် လူ ၄၄၀၀၀ လောက်လည်း လျှပ်စစ်မီးမရဘဲ ဖြစ်နေပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ပ်ကတော့ မုန်တိုင်းဘေးသင့် တင်နက်ဆီပြည်နယ်ကို မတ် ၆ ရက်နေ့မှာ သွားရောက်ကြည့်ရှုမယ်လို့ ထုတ်ပြန်ထားပါတယ်။
1 year Ago
Up