တင်ဆောင်လာသည့်

A d v e r t i s e m e n t With Us

December 18, 2019

တရားမဝင် ဘင်္ဂါလီများကို တင်ဆောင်လာသည့် YBS ၁၅ ယာဉ်လိုင်းကို အရေးယူမည် 

ဘင်္ဂါလီတွေကို တရားမဝင် ခိုးတင်ဆောင်ထားခဲ့တဲ့ YBS ၁၅ ယာဉ်လိုင်းကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ ဥတိုချောင်းအနီးမှာ ပင်လယ်ပြင်ကနေ ဥတိုချောင်းအတိုင်း စက်လှေနဲ့ တရားမဝင် ခိုးဝင်ရောက်ရှိလာတဲ့ ဘင်္ဂါလီ ၉၆ ယောက်ကို ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ သံကျွန်းအနီး မြန်မာ့ပင်လယ်ပြင်မှာ တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၁၇၀ ကျော် ဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
1 year Ago
Up