တင်းနစ်လောကမှ

December 30, 2016

တင်းနစ်လောကမှ အနားယူတော့မည်ဟု အီဗန်နိုဗစ် ကြေညာ

တင်းနစ်အားကစားမှာ ကမ္ဘာ့နံပါတ်တစ်ဟောင်းဖြစ်တဲ့ အီဗန်နိုဗစ်က တင်းနစ်ကစားတာကနေ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် အီဗန်နိုဗစ်ဟာ အမြင့်ဆုံး စွမ်းဆောင်နိုင်ရည်နဲ့ ရေရှည်မှာ ကစားနိုင်မှာ မဟုတ်တော့လို့ အနားယူလိုက်တာဖြစ်ကြောင်း ဆိုပါတယ်။ အီဗန်နိုဗစ်ဟာ ဆားဘီးယားနိုင်ငံသူတွေထဲကနေ ဂရန်းစလန်း ဆုဖလားကို ပထမဆုံး ဆွတ်ခူးနိုင်တဲ့သူ အဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။ သူဟာ ပြင်သစ်အိုးပန်း ချန်ပီယံဆုကို ၂၀၀၈ မှာ ရယူထားပါတယ်။ ဆားဘီးယားတင်းနစ်မယ် အီဗန်နိုဗစ်ဟာ လောလောဆယ် ကမ္ဘာ့အဆင့် ၆၃ နေရာမှာရှိပြီး ဒီနှစ်ထဲမှာ ဂျာမန်လက်ရွေးစင် ဘောလုံးသမားဟောင်း ရှဝိန်းစတိုင်ဂါနဲ့ လက်ထပ်ထားပါတယ်။
5 years Ago
Up