မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မွန်တီကာလို မာစတာတင်းနစ်ပြိုင်ပွဲမှာ စပိန်က ရာဖေးလ်နာဒယ်ဟာ ဘူဂေးရီးယားက ဒီမီထရော့ဗ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။
နာဒယ်အနေနဲ့ ၆-၄၊ ၆-၁ နဲ့ နှစ်ပွဲပြတ်နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး အခုပြိုင်ပွဲမှာ ကစာသမားဘ၀တစ်လျှောက် ၁၂ ကြိမ်မြောက်ဗိုလ် လုပွဲ တက်ခဲ့တာဖြစ်ပါတယ်။
နာဒယ်အနေနဲ့ မွန်တီကာလိုတင်းနစ် ဗိုလ်လုပွဲမှာ ဂျာမနီသား အလက်ဇန္ဒားကို အနိုင်ယူခဲ့တဲ့ ဂျပန်တင်းနစ်သမားနီရှီကိုရီနဲ့ တွေ့ဆုံမှာပါ။
နာဒယ်နဲ့ နီရှီကိုရီ တို့ဟာ ၂၀၁၄ ခုနှစ်ကလည်း ဗိုလ်လုပွဲမှာ တွေ့ဆုံဖူးပြီး ဂျပန်တင်းနစ်သမား နီရှိကိုရီက အနိုင်ရရှိခဲ့ပါတယ်။
3 years Ago