အမေရိကန် နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံဟာ ချက်တင်းနစ်မယ် ဘာဘိုအာ စတွိုင်ကိုဗာကို ၆-၁၊ ၆-၂ နဲ့ အပြတ်အသတ် အနိုင်ယူပြီး ၁၃ ကြိမ်ဆက် ဂရင်းဆလင်းပြိုင်ပွဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲကို တက်ရောက်လာတဲ့ ဆရီနာဟာ သြစတြေးလျ တင်းနစ်မယ်ဟောင်း မာဂရက်ကော့တ်ရဲ့ တဦးချင်းပြိုင်ပွဲကနေ ဂရင်းဆလင်းဆုဖလား ၂၄ ကြိမ် ရရှိထားတဲ့ စံချိန်ကို မီဖို့ လက်တကမ်းအကွာကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။
မနှစ်က ဝင်ဘယ်ဒန်အိုးပင်း ဖိုင်နယ်မှာ ဂျာမနီက ခါဘာကို ရှုံးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရတဲ့ ဆရီနာအနေနဲ့ ဒီနှစ်ဗိုလ်လုပွဲမှာ တွေ့ဆုံနေတဲ့ ရိုမေးနီးယား တင်းနစ်မယ် ဟေးလပ်ကို ကျော်ဖြတ်ပြီး ၈ ကြိမ်မြောက် ဝင်ဘယ်ဒန်ဖလား ရယူဖို့လည်း ကြုံးဝါးထားပါတယ်။
ဆရီနာဟာ ပြီးခဲ့တဲ့နှစ်ပိုင်းက ကလေးမီးဖွားခဲ့လို့ အဓိကပြိုင်ပွဲတွေနဲ့ လွဲချော်ခဲ့ပြီး ဒီပြိုင်ပွဲကတော့ သူ့အတွက် မေဂျာပြိုင်ပွဲတခု ဖြစ်လာပါတယ်။
ပြိုင်ဘက် ဟေးလပ်ကလည်း ယူကရိန်းက စဗစ်တိုလီနာကို ၆-၁၊ ၆-၃ နဲ့ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲ တက်လာခဲ့သူဖြစ်ပြီး ဆရီနာနဲ့ ထိပ်တိုက် ၁၀ ကြိမ်တွေ့ဆုံရာမှာ ၁ ကြိမ်သာ အနိုင်ရရှိထားပါတယ်။
2 years Ago