တင့်ကားတပ်ဖွဲ့

July 26, 2018

တရုတ် တင့်ကားတိုက်ဖျက်ရေးတပ်ဖွဲ့ စစ်ရေးလေ့ကျင့် (ရုပ်သံ)

တရုတ်စစ်တပ် တင့်ကားတိုက်ဖျက်ရေးတပ်ဖွဲ့ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တင့်ကားဖျက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ တရုတ်စစ်တပ်ရဲ့ ကြည်းတပ်ရင်း ၇၂ လက်အောက်က တပ်ဖွဲ့ဟာ တင့်ကားဖျက်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပုံကို လေ့ကျင့်ခဲ့ကြတာပါ။ ဒုံးကျည်ထိပ်ဖူးနဲ့ ဖိုင်ဘာဆက်ကြောင်းစနစ်သုံး နည်းပညာနဲ့ ချိတ်ဆက်ထားပြီး ပုံစံတူပြုလုပ်ထားတဲ့ တင့်ကားတွေကို တိကျမှန်ကန်အောင် ပစ်ခတ်နိုင်စွမ်းကို လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ လေ့ကျင့်တဲ့နေရာနဲ့ ရက်စွဲကိုတော့ မဖော်ပြခဲ့ပါဘူး။ အမှန်တကယ်ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ တိုက်ခိုက်နိုင်စေဖို့၊ မြေပြင်အနိမ့်ပိုင်း ပစ်မှတ်တွေနဲ့ အလွန်ဝေးကွာတဲ့ ပစ်မှတ်တွေကို ထိန်းချုပ်တိုက်ခိုက်နိုင်စွမ်း ရှိစေဖို့ လေ့ကျင့်ခဲ့တာ ဖြစ်တယ်လို့လည်း စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up