တင့်ကားဝင်တိုက်မိ

April 28, 2021

ကျိုက်ထိုမြို့‌၌ တင့်ကားဝင်တိုက်မိပြီး တပ်မုခ်ဦး ပြိုကျ

မွန်​ပြည်နယ်၊ ကျိုက်ထိုမြို့‌မှာ ဧပြီ ၂၈ ရက်နေ့က ခြေလျင်တပ်ရင်း ၉၆ ကို ပြန်လည် ဝင်ရောက်လာတဲ့ တင့်ကားဝင်တိုက်မိလို့ တပ်မုခ်ဦး ပြိုကျသွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်ထိုမြို့၊ ကင်မွန်ချောင်းရဲစခန်းမှာ ဧပြီ ၂၇ ရက် ည ၇ နာရီအချိန်လောက်က ကေအန်ယူ နဲ့  အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ ကေအန်ယူတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေပါတယ်။

7 months Ago
Up