တကျွန်းကျ အန္တရယ်ရှိထောင်ပြး ၂ ဦးကို အမေရိကန်ရဲ ပိုက်စိပ်တိုက်ရှာဖွေ

July 12, 2015

ပေါင်တွင် ကျည်ဆန် ၀င်နေမှန်း ၅ ရက်ကြာမှသိသည့် အမျိုးသမီး

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက အမျိုးသမီးတဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့က ကဖေးတခုမှာထိုင်နေချိန် ခြေထောက်မှာ သေနတ် ထိမှန်ခဲ့တာကို ၅ ရက်ကြာပြီးနောက် ဆရာဝန်သွားပြမှ သိလိုက်ပါတယ်။ ဟီသာချာလီဘွိုက်စ်က နာကျင်မှုကို ခံစားရပေမယ့် ဒါဟာ မီးရှုးမီးပန်းကြောင့် ဖြစ်မယ်ထင်ပြီး ဆေးရုံကို သွားခဲ့တယ်လို့ ဒေသခံ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ဒီနောက် ဆရာဝန်တွေက ပွိုင် ၃၈ သေနတ်ကျည် ပေါင်မှာ ၄ စင်တီမီတာလောက် ၀င်နေတာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒါဗင်ချီ ကဖေး ပေါ်တီကိုမှာ ထိုင်နေစဉ် ခြေထောက်မှာ နာကျင်မှု ခံစားရတဲ့အတွက် ရေချိုးခန်းထဲမှာ သွားစစ်ရာမှာ သွေးအနည်းငယ်ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သေနတ်ပစ်ဖောက်တဲ့ သတင်းမရပေမယ့် အဝေးတနေရာကနေ တယောက်ယောက်က သေနတ်နဲ့ ပစ်လိုက်တာလို့ ထင်မှတ်တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါအပြင် သေနတ်ပစ်တဲ့ လက်သည်ကိုလည်း ရဲတွေက ရှာဖွေနေပါတယ်။ ဓာတ်ပုံ - wesh.com      
6 years Ago

June 28, 2015

အာဖဂန်တွင် ခွေး ၃ ကောင်က အမေရိကန် စစ်သားများကို ကယ်တင်

လမ်းဘေးက ခွေး ၃ ကောင်ကို အစာတွေကျွေးပြီး မွေးမြူခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ကျတဲ့ အမေရိကန် စစ်သားကို ဒီခွေးတွေက ပြန်ကယ်ခဲ့ပါတယ်။ ခရစ္စဒေါ့နဲ့ အပေါင်းအပါ စစ်သားတွေ အာဖဂန်မှာ တာဝန်ကျစဉ်က လမ်းဘေးမှာ လေ့လွင်နေတဲ့ ဆာရှာ၊ တားဂက်နဲ့ ရှုးဖစ် ခွေး ၃ ကောင်ကို မွေးစားခဲ့ပါတယ်။ ဖေဖော်ဝါရီလက ညတည သန်းခေါင်းချိန်မှာတော့ ၂၅ ပေါင်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အသေခံ ဗုံးခွဲသမားဟာ အမေရိကန် စစ်သား ၅၀ နီးပါး နေနေတဲ့ စစ်တန်းလျားကို ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူကို အတင်းလိုက်ဟောင် လိုက်ကိုက်နေတဲ့ ဒီခွေး ၃ ကြောင့် စစ်တန်းလျားကို သွားရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီအတွက် အသေခံဖောက်ခွဲရေးသမားက အ၀င်မှာပဲ ဖောက်ခွဲခဲ့တဲ့ အတွက် စစ်သား ၅ ဦး ဒဏ်ရာရသွားသလို ဆာရှာကတော့ သေဆုံးသွားပါတယ်။ စစ်သား တဦးတယောက်မှာ သေဆုံးခဲ့ခြင်း မရှိပါဘူး။ ဒဏ်ရာရသွားတဲ့ ခရစ္စဒေါ့က သူ့ခွေးတွေမရှိရင် သူဟာ ဒီနေ့မှာ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ခရစ္စဒေါ့ဟာ တာဝန်ပြီးဆုံးပြီ အမေရိကန်ကို ပြန်ခဲ့ရပေမယ့် ခွေးတွေကို အမေရိကန်ကို ခေါ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒီနောက် ချေးငွေတွေ ထောက်ပံ့ပေးနေတဲ့ စစ်သားတွေရဲ့ ဆန္ဒ အဖွဲ့မှာ ငွေကြေးတောင်းခံခဲ့ပြီး လျှောက်ထားခဲ့ရာမှာ အဖွဲ့က ဒေါ်လာ ၃ ထောင်ပေးလို့ ခွေးတွေကို အမေရိကန် ခေါ်လာနိုင်ခဲ့ပါတယ်။ ဓာတ်ပုံ - sacfund  
6 years Ago
More News
Up