တက္ကသိုလ်ဝင်စာမေးပွဲ

March 8, 2019

တက္ကသိုလ်ဝင်စာမေးပွဲ မသန်စွမ်း နှင့် ဆေးရုံတက် ဖြေဆိုသူ ၆၆ ဦးရှိ

ရန်ကုန်တိုင်း စာစစ်ဌာနတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲကို မသန်စွမ်းသူ ၄၉ ဦးနဲ့ မကျန်းမာလို့ ဆေးရုံတက်ရောက် ၁၇ ဦး ၀င်ရောက်ဖြေဆိုနေကြတယ်လို့ သိရပါတယ်။ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနေကြတဲ့ ကျောင်းသားတွေဟာ ဒီကနေ့ သချာင်္ဘာသာရပ်ကို ဖြေဆိုခဲ့ကြတာပါ။ ဒီနေ့မှာတော့ စာမေးပွဲဝင်ရောက်ဖြေဆိုနေတဲ့ မသန်စွမ်းသူတွေနဲ့ ဆေးရုံစာစစ်ဌာနတွေမှာ ဖြေဆိုနေတဲ့ ကျန်းမာရေးမကောင်းတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရန်ကုန်တိုင်းပညာရေးမှူးက သွားရောက်အားပေးခဲ့ပါတယ်။ ရန်ကုန်တိုင်းက စာစစ်ဌာနတွေမှာတော့ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူတွေနဲ့ ကိုယ်အဂါင်္မသန်စွမ်းသူတွေ ဒီနှစ်မှာ ဝင်ရောက်ဖြေဆိုနေသူ ၄၉ ဦးရှိပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ကျောင်းသားတွေအတွက်ကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကာပဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံနဲ့ မြောက်ဥက္ကလာဝေဘာဂီ ဆေးရုံတွေမှာ စာစစ်ဌာနတွေဖွင့်လှစ်ပေးထားပြီး ဆေးရုံတက်ရောက်ဖြေဆိုနေသူ ၁၇ ဦးရှိပါတယ်။ ဆေးရုံစာစစ်ဌာနတွေမှာ ဖြေဆိုနေတဲ့ ကျောင်းသားတွေကတော့ အဖျားရောဂါ၊ ထိခိုက်ဒဏ်ရာရရှိသူတွေ၊ ရင်ကျပ်ရောဂါနဲ့ အူတက်ရောင်ရမ်းပြီး ခွဲစိတ်ထားသူတွေဖြစ်ပါတယ်။ အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ် ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာပါ။ သတင်းဓာတ်ပုံ---ဆုဆုသွယ်
2 years Ago

June 2, 2018

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို www.myanmarexam.org တွင် ၀င်ကြည့်နိုင်

နိုင်ငံတ၀န်းမှာ ဒီနေ့မနက် ၆ နာရီ စတင်ထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို စာစစ်ဌာနကျောင်းတွေအပြင် www.myanmarexam.org မှတဆင့် ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ အောင်စာရင်းတွေကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းတွေမှာ တချိန်တည်း ကပ်ထားပေးသလို အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက် တန်းကျောင်း၊ လမ်းမတော်မြို့နယ် ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ အောင်စာရင်းတွေကို ကပ်ထား ပေးတယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အောင်စာရင်းတွေအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးတွေ၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး ရုံးတွေနဲ့၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး တွေမှာ ဒီနေ့မနက် ၆ နာရီနောက်ပိုင်း စုံစမ်းမေးမြန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ တနင်္သာရီတိုင်းဒေသကြိး မြိတ်မြို့နယ်မှာ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဒီနေ့မနက် ထုတ်ပြန်ခဲ့ပြီး ကျောင်းသူ/ သားတွေ လာရောက်ကြည့်ရှုနေကြပါတယ်။ ဓာတ်ပုံ-ဇော်ဇော်(မြိတ်)
3 years Ago
Up