တက္ကသိုလ်ဝင်စာမေးပွဲ

December 17, 2018

တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကြေညာ

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် လာမယ့် မတ်လ ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲတွေရဲ့ အချိန်စာရင်းကို ပညာရေးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန် ကြေညာပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲတွေကို ၂၀၁၉ မတ်လ ၆ ရက်ကနေ ၁၅ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ မတ် ၆ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ မြန်မာစာ၊ မတ် ၇ ရက်မှာ အင်္ဂလိပ်စာ၊ မတ် ၈ ရက်မှာ သင်္ချာ၊ မတ် ၉ ရက်မှာ စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၀ ရက်မှာတော့ စာမေးပွဲတွေ မရှိဘဲ ခေတ္တရပ်နားထားမှာပါ။ မတ် ၁၁ ရက်နေ့မှာတော့ ဓာတုဗေဒ၊ မတ်လ ၁၂ ရက်မှာ ရူပဗေဒ၊ မတ်လ ၁၃ ရက်မှာ ဇီဝဗေဒ/ ဘောဂဗေဒ၊ မတ်လ ၁၄ ရက်မှာ ပထဝီဝင်နဲ့ မတ်လ ၁၅ နောက်ဆုံးရက်မှာတော့ သမိုင်းဘာသာရပ်ကို ဖြေဆိုကြရမှာဖြစ်ပါတယ်။
3 years Ago

June 10, 2016

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ၀က်ဆိုက်တွင်လည်း ကြည့်နိုင်မည်

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ လာမယ့် ဇွန်လ ၁၁ ရက်၊ စနေနေ့ မနက် ၆ နာရီအချိန်မှာ www.myanmarexam.org ၀က်ဆိုက်ကတဆင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာနအလိုက် ထုတ်လွှင့်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း အသိပေး သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီဝက်ဆိုက်မှာ အခုလောလောဆယ်မှာတော့ ၂၀၁၆ တက္ကသိုလ်ဝင် အောင်စာရင်း ထုတ်ပြန်ဖို့ အချိန်ဘယ်နှစ်နာရီ လိုသေးကြောင်းကို Timer နဲ့ ပြသထားပါတယ်။ ဒါ့အပြင် ၂၀၁၆ တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် မြို့နယ်အလိုက် အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်အောင် ပညာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုဖြစ်တဲ့ www.facebook.com/moe.gov.mm ကနေလည်း ထုတ်ပြန်သွားဖို့ စီစဉ်ထားပါတယ်။ မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက မြို့နယ်အသီးသီးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာပေးရန် Album များအားလုံး တည်ဆောက်ထားပြီး အောင်စာရင်းထွက်ချိန် ဇွန်လ ၁၁ ရက် မနက်ပိုင်းကျရင် ဒေသအလိုက် Album တွေမှာ ၀င်ရောက်ကြည့်ရှုနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။
6 years Ago
Up