တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမများ ဖဲကြိုးပြာလှုပ်ရှားမှုစတင်

July 31, 2017

တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမများ ဖဲကြိုးပြာလှုပ်ရှားမှုစတင်

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေက ဆရာ၊ ဆရာတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေအတွက် ဇူလိုင် ၃၁ ရက် ကစပြီး Blue Ribbon ကန်ပိန်း ပြုလုပ်သွားမယ်လို့ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်က ကထိက ဦးဇော်မြင့်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။ ပညာဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အဆင့်မြင့်ပညာဦးစီးဌာနအောက်က နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်က ပညာရေးဝန်ထမ်းတွေအနေနဲ့ တခြားဦးစီးဌာနတွေနဲ့ မူဝါဒတွေကွဲတာကြောင့် ရာထူးတိုးအခက်အခဲတွေရှိတဲ့အပြင် ခံစားခွင့်တွေလည်း ဆုံးရှုံးနေတာကို သိစေချင်တာကြောင့် အခုလို လှုပ်ရှားမှု လုပ်ရတာလို့ ဆိုပါတယ်။ လှုပ်ရှားမှုစတင်တဲ့အနေနဲ့  မြန်မာတနိုင်ငံလုံးက နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်တွေက ဆရာ/မတွေအနေနဲ့ အပြာရောင်ဖဲပြားဝတ်ဆင်ပြီး ရုံးတက်ကြမှာလည်းဖြစ်ပါတယ်။
4 years Ago
Up