တူရကီ ထိပ်တန်းတက္ကသိုလ်တခုက ကျောင်းသားတွေဟာ ကျောင်းဝင်းအတွင်း အဆောင်တခုဆောက်ဖို့ ရာနဲ့ချီတဲ့ သစ်ပင်တွေကို ခုတ်လှဲမယ့် အစီအစဉ်ကို ဆန့်ကျင်ပြီး ဇူလိုင် ၈ ရက်က ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက ငရုတ်ကောင်းရည်တွေ ဖျန်းခဲ့ပြီး သစ်ပင်တွေ စတင်ခုတ်လှဲနေတဲ့ပုံကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ပါတယ်။
တူရကီမြို့တော် အန်ကာရာက အရှေ့အလယ်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားတွေဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ၅၅ ရက်ကြာ စခန်းချနေခဲ့တာပါ။
ဆောက်လုပ်ရေးလုပ်ငန်းကြောင့် ဆယ်ဧကရှိတဲ့ သစ်တောရဲ့ ဂေဟစနစ်ကို ထိခိုက်စေပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေလိမ့်မယ်လို့ သူတို့က ငြင်းခုန်ထားပါတယ်။
တနင်္လာနေ့ မနက်ပိုင်းမှာ ရဲတွေက ကျောင်းသားတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပြီး အဖမ်းခံရတဲ့ကျောင်းသား မရှိဘူးလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်အပြီးမှာ အာဏာပိုင်တွေက သစ်ပင်တွေကို စပြီး ခုတ်လှဲခဲ့ပါတယ်။
ခွင့်ပြုချက်ရထားတဲ့နေရာမှာ ကျောင်းသားတွေနေဖို့ အဆောင်ဆောက်နေပြီး သစ်ပင် ၇၅၀ ကို ခုတ်ခဲ့တယ်လို့ တက္ကသိုလ် ဥက္ကဋ္ဌရုံးက ပြောပါတယ်။
2 years Ago