တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ရန်ကုန်တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူများ ကြည့်ရှု (ဓာတ်ပုံ)

March 7, 2019

တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ရန်ကုန်တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူများ ကြည့်ရှု (ဓာတ်ပုံ)

တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာတော့ ဒုတိယမြောက်ဘာသာရပ်ဖြစ်တဲ့ အင်္ဂလိပ်စာဘာသာကို ဖြေဆိုနေကြပါတယ်။ ဒီကနေ့မှာ စာမေးပွဲဖြေဆိုနေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေ စိတ်ပူပန်မှုမရှိဘဲ အဆင်ပြေပြေ ဖြေဆိုနိုင်ဖို့အတွက်ကို အားပေးတဲ့အနေနဲ့ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူ တွေ စာစစ်ဌာနတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုဖို့ လျှောက်လွှာ တင်သွင်းသူ ၈ သိန်း၊ ၉ သောင်းကျော် ရှိပေမယ့် မနေ့က မြန်မာစာဘာသာရပ်ဖြေဆိုတဲ့ နေ့မှာ ကျောင်းသား ၅ သောင်းကျော် ပျက်ကွက်ခဲ့ပါတယ်။ အခုနှစ်မှာကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာပါ။
3 years Ago
Up