တက္ကဆက်ပြည်နယ်တွင် ဓားပြတိုက်မှုကြောင့် လူ ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

January 23, 2017

တက္ကဆက်ပြည်နယ်တွင် ဓားပြတိုက်မှုကြောင့် လူ ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန် အန်တိုနီယိုမြို့မှာ ဇန်နဝါရီ ၂၂ ရက်နေ့က ဓားပြတိုက်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆန် အန်တိုနီယို ဈေးဝယ်စင်တာရှိ ရွှေဆိုင်တခုကို လက်နက်ကိုင် ၂ ဦးက ဓားပြတိုက်နေစဉ် အနီးအနားရှိ ဈေးဝယ်သူတဦးက ဝင်ရောက်တားဆီးတဲ့အတွက် ဓားပြဖြစ်သူက အဲ့ဒီလူကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီ့အတွက် အပြစ်မဲ့သူတဦး သေဆုံးခဲ့တယ်လို့  အန်တိုနီယိုရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီ့နောက် နောက်ထပ်ဈေးဝယ်သူ တဦးက သူ လိုင်စင်နဲ့ တရားဝင်ကိုင်ဆောင်တဲ့သေနတ်နဲ့ ဓားပြတွေကို ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ ဓားပြတွေက လမ်းတလျှောက် ထပ်မံပစ်ခတ်တဲ့အတွက် နောက်ထပ် လူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေရဲ့ အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန် အန်တိုနီယို ရဲတပ်ဖွဲ့အကြီးအကဲက “တကယ့်ကို အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်ပါ။ အဓိပ္ပာယ် အတော်မဲ့ပါတယ်။ ဓားစာခံတွေကို ကူညီတဲ့ လူကောင်းတဦး၊ ရာဇဝတ်မှုကို တားဆီးတဲ့ လူကောင်းတဦး သေဆုံးရတာ ဒါ ဒုတိယအကြိမ်ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ဆန် အန်တိုနီယို ဝေါလ်မာ့တ် Sanမှာ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးတဦးကို ကယ်တင်ရင်း အပြစ်မဲ့ပြည်သူတဦး အသက်ဆုံးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up