တက္ကဆက်ဆေးရုံ

November 23, 2015

နှစ် ၅၀ ကျော် သက်တမ်းရှိ ဆေးရုံကြီးကို စက္ကန့်ပိုင်းအတွင်း ဖောက်ခွဲဖြိုချ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ထဲက ဆေးရုံအဟောင်းကြီးတခုကို နိုဝင်ဘာ ၂၂ ရက်နေ့က ဖောက်ခွဲ ဖြိုချလိုက်ပါတယ်။ စိန့်ပေါ တက္ကသိုလ်ဆေးရုံဟာ ဒါလတ်စ်မြို့မှာရှိပြီး ပထမဆုံး နှလုံးအစားထိုး ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တဲ့သမိုင်း ရှိပါတယ်။ သက်တမ်းအားဖြင့် နှစ်ငါးဆယ်ကျော်ရှိနေတဲ့ ဆေးရုံကြီးကို စက္ကန့်ပိုင်းအတွင်းမှာပဲ စနစ်တကျ ဖောက်ခွဲဖြိုချခဲ့ပါတယ်။ စိန့်ပေါဆေးရုံကို ၁၉၆၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ ပထမဆုံး နှလုံးအစားထိုး ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံအိုကြီးကို ပြုပြင်ထိန်းသိမ်းရတဲ့ စရိတ်စက မြင့်မားလွန်းတာကြောင့် အခုလို ဖြိုချလိုက်တာပါ။
6 years Ago
Up