တကြိမ်သာထိုး

September 24, 2020

တကြိမ်သာထိုးရသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး လူ ၆ သောင်းခန့်ပါဝင် စမ်းသပ်

တကြိမ်တည်းထိုးရတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနောက်ဆုံးအဆင့်တွင် လူပေါင်း ၆ သောင်း ပါဝင်တဲ့ စမ်းသပ်မှုကို Johnson & Johnson ဆေးကုမ္ပဏီက စက်တင်ဘာ ၂၃ ရက်မှာ စတင်ပါတယ်။ ဒီကိုဗစ်ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးရတဲ့ ထိပ်တန်းပြိုင်ဘက်ကုမ္ပဏီတွေနဲ့ နှိုင်းစာရင်  ကာကွယ်ဆေး သန်းချီပြီး ဖြန့်ဝေရာမှာ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။  စမ်းသပ်ကာကွယ်ဆေးရလဒ်တွေကို ဒီနှစ်ကုန်နဲ့ လာမယ့်နှစ်အစောပိုင်းမှာ သိရမယ် မျှော်လင့်တယ်လို့ J&J မှ တာဝန်ရှိသူ ဒေါက်တာပေါလ် စတော့ဖယ်က ပြောပါတယ်။   ပြိုင်ဘက် ကိုဗစ်ကာကွယ်ဆေးတွေကိုတော့ မိုဒါနာ၊ ပစ်ဖ်ဇာနဲ့ အက်စ်ထရာဇန်နက်ကာ ကုမ္ပဏီတွေက  ထုတ်လုပ်နေပြီး အဲဒီကာကွယ်ဆေးတွေ အားလုံးဟာ နှစ်ကြိမ် ထိုးနှံရမှာပါ။ နောက်ပြီး တကြိမ်နဲ့ တကြိမ်ကို သီတင်းပတ်အတော်ခြားပြိးမှာ ထိုးနှံရမှာ ဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးနှံရာမှာ အခက်အခဲတွေ ပိုဖြစ်စေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
8 months Ago
Up