တကျော့တည်းစနစ်

A d v e r t i s e m e n t With Us

June 17, 2020

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များ တကျော့တည်းစနစ်ဖြင့် ပေါ်တူဂီတွင် ကျင်းပရန် စီစဉ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေကို တကျော့တည်းစနစ်နဲ့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ မှာ ကျင်းပသွားဖို့ရှိနေပါတယ်။  ဥရောပဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ ဗုဒ္ဓဟူးနေ့မှာ ဆွေနွေးကြဖို့ရှိပြီး အဲဒီအဆိုပြုချက်ကို အတည်ပြုဖို့ရှိပါတယ်။  ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ၄ ပွဲကျန်ရှိသေးတာပါ။ အဲဒီပွဲစဉ်တွေကို ပုံမှန်အတိုင်း ပြီးဆုံးအောင်ကစားပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေကစလို့ လစ္စဘွန်းမြို့က ဘင်ဖီကာ အိမ်ကွင်းနဲ့ စပို့တင်းလစ္စဘွန်း အိမ်ကွင်းတွေမှာပဲ ကျင်းပဖို့ ရှိနေတာပါ။  သြဂုတ် ၁၂ ရက်ကနေ ၂၃ ရက်အထိ ၁၁ ရက်ကြာ ကစားမှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ် ၄ ပွဲကို သြဂုတ် ၁၂ ရက်ကနေ ၁၅ ရက်အထိ တရက်တပွဲ ဆက်တိုက်ကျင်းပမှာဖြစ်ပြီး ဆီမီးဖိုင်နယ် ၂ ပွဲကို သြဂုတ် ၁၈ နဲ့ ၁၉၊ ဗိုလ်လုပွဲစဉ်ကို သြဂုတ်၂၃ ရက် နေ့ ကျင်းပဖို့ လျာထားတာပါ။  အဲဒီ အဆိုပြုချက်အပေါ်မှာ UEFA ဘက်ကတော့ တစုံတရာ မှတ်ချက်မပေးသေးပါဘူး။ UEFA အနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကိုလည်း ကွင်းတကွင်းထဲမှာပဲ တကျော့တည်းစနစ်နဲ့ ကျင်းပဖို့ စီစဉ်မယ်လို့သိရပါတယ်။
8 months Ago
Up