တက်မရေနံမှော်

A d v e r t i s e m e n t With Us

March 15, 2020

ပုဒ်မ ၁၄၄ ထုတ်ထားသည့် တက်မရေနံမှော်ကို တရားဝင် လုပ်ကိုင်ခွင့် ချထားပေးတော့မည်

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ညောင်ဦးမြို့နယ်၊ တက်မကျေးရွာနဲ့ အရာတော်ကျေးရွာအနီးရှိ ရေနံမှော်ကို တရားဝင်လုပ်ကိုင်ခွင့် မကြာမီ ချထားပေးတော့မယ်လို့ ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးမောင်မြင့်က ပြောပါတယ်။ “ဒီဘက်မှာရှိတဲ့ ဌာနဆိုင်ရာတွေ အမြန်ဆုံး ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးချုပ် ကိုယ်တိုင်က ကွင်းဆင်းသွားပါပြီ။ ဧပြီ ၃ ရက်မတိုင်ခင် အပြီးဆောင်ရွက်သွားပါ့မယ်။ သက်ဆိုင်ရာဌာနတွေ အားစိုက်လုပ်ဖို့လည်း မှာသွားတယ်။ နဂိုက ကုမ္ပဏီနှစ်ခုကလည်း တင်ပြီးသား ရထားပြီးသားဖြစ်လို့ ဒီတနှစ်ကတော့ လုပ်ထုံးလုပ်နည်း ဥပဒေအညီ တင်ပြီးသား ဆိုတော့ ဒီအတိုင်းပေးမယ်၊ ခွင့်ပြုချက်လည်း ရပြီးသား ဖြစ်တယ်။ ကျန်တဲ့ လျှောက်ထားသူ အယောက် ၈၀ ကိုတော့ လက်ယက်တွင်းဥပဒေမှာ ဒေသခံဦးစားပေးရမယ်၊ မဲစနစ်နဲ့ အကွက်တွေကို နှိုက်ပြီး ရွေးချယ်ပေးသွားမှာပါ။” ညောင်ဦးမြို့နယ်၊ တက်မကျေးရွာ ညောင်ပင်သာကွင်း ကွင်းအမှတ် ၁၇၇၉ နဲ့ တောင်ဖီးလေးကျေးရွာရှိ အလယ်ရွာကွင်း ကွင်းအမှတ် ၁၈၀၈၊ ကျောက်တန်းကွင်း ကွင်းအမှတ် ၁၈၀၅ တို့မှာ ကုမ္ပဏီ နှစ်ခုနဲ့ ဒေသခံ ကျေးရွာသားတွေ၊ အခြားမြို့တို့မှ လုပ်ငန်းရှင်တွေက ရေနံလက်ယက်တွင်း ၁၅၀ ကျော် တူးဖော်ထားတာကြောင့် ပုဒ်မ ၁၄၄ ထုပ်ပြန်ခဲ့ပြီး လာမယ့် ဧပြီ ၃ ရက်နေ့ ၄ လပြည့်မှာဖြစ်ပါတယ်။ ကိုလင်း(ချောက်)
12 months Ago
Up