တက်တူး

April 5, 2021

လူငယ် ၁ ဦးကို စစ်တပ်ကဖမ်းဆီးပြီး လက်ပေါ်ထိုးထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးကို မီးအပူဖြင့်ကပ်ဖျက်ဆီး

မန္တလေးမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသား ၁ ဦးရဲ့ လက်ပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ နွေဦးတော်လှန်ရေး စာသားပါ တက်တူးကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က မီးအပူနဲ့ ကပ်ပြီး ပျက်အောင်လုပ်ခဲ့ကြပါတယ်။

ဧပြီလ ၃ ရက် ညပိုင်း ၈ နာရီပတ်ဝန်းကျင်အချိန်လောက်က အဆိုပါ လူငယ်နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ တွေလမ်းမှာ ဆုံခဲ့ပြီး ဖုန်း ပါလား လို့ ကနဦး မေးကာ ခန္ဓာကိုယ်ကို အင်္ကျီချွတ် စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ နွေဦးတော်လှန်ရေး စာသားပါ တက်တူးကိုတွေ့ပြီး မီးအပူနဲ့ ကပ်ကာ ပျက်အောင်လုပ်ခဲ့တာလို့ ကာယကံရှင်ကိုယ်တိုင်က ပြောပါတယ်။

မန္တလေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ တွေဟာ လမ်းဆုံလမ်းခွတွေမှာ အများပြည်သူရဲ့ ဖုန်းတွေ စစ်ဆေးတာ၊ ဆိုင်ကယ် Toolbox တွေ စစ်တာနဲ့ တက်တူးတွေ ရှိ မရှိ စစ်ဆေးတာတွေ လုပ်နေကြပါတယ်။

2 years Ago

February 11, 2021

ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ စာတန်း တက်တူး အခမဲ့ထိုးပေး

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ နေပြည်တော်ပျဉ်းမနားမြို့က တက်တူးပညာရှင် ၈ ဦးက  ဒေါ်အောင်ဆန်းစုကြည်ပုံ စာတန်း တက်တူး  အခမဲ့ထိုးပေးနေတယ်လို့ သိရပါတယ်။

တက်တူးတိုးချင်သူတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံအပြင်  ကမ္ဘာမကျေဘူး (၁.၂.၂၀၂၁) စာသားအပါအဝင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပုံတွေ၊ စာသားတွေကို အခမဲ့ ရေးထိုးပေးတာဖြစ်ပါတယ်။

နေဖြိုးဝင်း

2 years Ago
Up