တက်တူးပြိုင်ပွဲ

May 28, 2018

လန်ဒန်မြောက်ပိုင်းတွင် တက်တူးပြိုင်ပွဲကျင်းပ (ရုပ်သံ)

ဗြိတိန်နိုင်ငံ လန်ဒန်မြောက်ပိုင်း အလက်ဇန္ဒြားပဲလေ့စ်မှာ ၂ ရက်ကြာ တက်တူးပွဲ ကျင်းပခဲ့ပြီး တက်တူးပညာရှင် ၃၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ မေလ ၂၆ နဲ့ ၂၇ ရက်တွေမှာ ကျင်းပတဲ့ တက်တူးပွဲမှာ လူတွေက သူတို့ရဲ့ တင်ပါးတွေ၊ ဗိုက်သားတွေနဲ့ ကျောကုန်းတွေပေါ်မှာ အတူတကွ တပြိုင်နက်တည်း တက်တူး အထိုးခံခဲ့ကြတယ်လို့ ဒေးလီးမေးလ်သတင်းမှာ မေလ ၂၇ ရက်နေ့က ဖော်ပြပါတယ်။ ပွဲကို လာရောက်သူ အမျိုးသမီးတဦးက သူမရဲ့ ဘယ်ဘက် တင်ပါးပြင်ပေါ်မှာ နှင်းဆီပုံ တက်တူးထိုးခံနေပြီး မှောက်လျက်အနေအထားနဲ့ လဲလျောင်းကာ သူမရဲ့ မိုဘိုင်းဖုန်းကို ကြည့်နေတာကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။ ရင်ဘတ်ပေါ်မှာ မျက်လုံးအကြီးကြီးပုံနဲ့ လင်းနို့လူသားရဲ့ ရန်သူ ဂျိုကာအပါအဝင် အရောင်စုံ အခြားလူရုပ်တွေ တက်တူးထိုးပြီးသား အမျိုးသားတဦးကလည်း သူ့ရဲ့ဗိုက်သားပေါ်မှာ တက်တူးထိုးခံနေတာ တွေ့ရပါတယ်။ တက်တူးပွဲကို လာရောက်သူတွေက ဖွင့်ထားတဲ့ နေရာကျယ်မှာ လမ်းလျှောက်ပြီး တက်တူးထိုးခံကြသလို သူများတွေ တက်တူးထိုးခံနေတာကိုလည်း ကြည့်နေကြပါတယ်။ တက်တူးပွဲမှာ ဖက်ရှင် ကျောက်မြတ်ရတနာကနေ သေခြင်းတရားနဲ့ဆက်စပ်တဲ့ ထူးဆန်းတဲ့ ကုန်ပစ္စည်း အရောင်းပြပွဲလဲရှိသလို ဖက်ရှင်ပြပွဲ ဂီတပွဲတွေလည်း ရှိတယ်လို့ သိရပါတယ်။ အကောင်းဆုံး သရုပ်မှန်နဲ့ အရှေ့တိုင်းတက်တူး အကောင်းဆုံးအရောင်၊ အကောင်းဆုံး ရိုးရာတက်တူးတွေအပါအဝင် တက်တူးပြိုင်ပွဲတွေလည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up