တက်တူး

July 1, 2019

ပေါင်တွင် ချန်ပီယံလိဂ်ဖလားပုံ တက်တူးထိုးခဲ့သည့် လီဗာပူးအသင်းခေါင်းဆောင်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ချန်ပီယံလိဂ် ဆုဖလားရယူနိုင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ပေါင်မှာ ဆုဖလားပုံ တက်တူးရေးထိုးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အပန်းဖြေ ခရီးထွက်နေချိန်မှာ တက်တူးဆရာတဦးနဲ့အတူ ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆန်နဲ့ တက်တူးဆရာတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း  အင်စတာဂရမ်မှာ တင်ခဲ့ပြီး ဟန်ဒါဆန်အတွက် ဂုဏ်ယူကြောင်းကိုလည်း တွန်မီမွန်တိုယာ တက်တူး စတူဒီယိုစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်ဟာ သူ့ရဲ့ ကစားသမားဘ၀တလျှောက် ပထမဆုံး ဥရောပချန်ပီယံ ဆုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ အင်္ဂလန်ကွင်းလယ်လူဟောင်း စတီဖင်ဂျရက်က ဥရောပချန်ပီယံ ဆုဖလားကို အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း  ဟန်ဒါဆန်က ချန်ပီယံဆုဖလား ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆန်ရဲ့ ပေါင်မှာ ရေးထိုးထားတဲ့တက်တူးမှာ ချန်ပီယံဆုဖလားပုံနဲ့အတူ ဗိုလ်လုပွဲကျင်းပခဲ့တဲ့ နေ့ဖြစ်တဲ့ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်လည်း ပါဝင်ရေးထိုးထားတာဖြစ်ပါတယ်။
2 years Ago

June 3, 2019

ဖမ်းဝရမ်းထုတ်ခံထားရသည့် တက်တူးစတားက သြစတြေးလျရဲတပ်ဖွဲ့ကို လှောင်ပြောင်

သြစတြေးလျရဲတပ်ဖွဲ့ဟာ နိုင်ငံတွင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အသက် ၂၃ နှစ်အရွယ် တကိုယ်လုံးနီးပါး တက်တူးထိုးထားသူ အီသန်ဘရမ်ဘလီကို ဖမ်းဝရမ်းထုတ် လိုက်လံရှာဖွေနေပါတယ်။ အီသန်ဘရမ်ဘလီကတော့ သူဟာ အမှားတခုမှ လုပ်ခဲ့တာမရှိဘူးလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ဖြေရှင်းသွားခဲ့ပြီး သြစတြေးလျ ရဲတပ်ဖွဲ့ကိုလည်း မခံချိမခံသာဖြစ်အောင် လှောင်ပြောင်သရော်ခဲ့တယ်လို့ Pattayaone သတင်းမှာ မေ ၃၁ ရက်နေ့က ဖော်ပြပါတယ်။ မော်ဒယ်တဦးဖြစ်တဲ့ ဘရမ်ဘလီဟာ သူ့တကိုယ်လုံးနီးပါး တက်တူးတွေနဲ့ ဖုံးအုပ်ထားပြီး လျှာကိုလည်း နှစ်ခွဖြစ်အောင် ဖန်တီးထားတာပါ။ ဒ့ါကြောင့်လည်း သူဟာ သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ ပြုပြင်မှုအများဆုံး လူငယ်တဦးအဖြစ်လည်း သတ်မှတ်ထားပါတယ်။ ခန္ဓာကိုယ်မှာ အပေါက်တွေဖောက်တာ၊ မျက်လုံးပါမချန် တက်တူးထိုးထားတာ စတဲ့ ဆန်းပြားတဲ့ ပုံသဏ္ဌာန်ကြောင့် နာမည်ကျော်လာတဲ့ ဘရမ်ဘလီက “ခင်ဗျားတို့ ကျုပ်ကို ဘယ်တော့မှ ဖမ်းမိမှာမဟုတ်ဘူး” လို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောပါတယ်။ သူ့ကိုရှာတွေ့ရင် သတင်းပေးဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားတဲ့ ပို့စ်တခုအောက်မှာ ဘရမ်ဘလီက အခုလို လှောင်ပြောင်သရော်ထားခဲ့တာပါ။ ဘရမ်ဘလီဟာ ဒီလိုမျိုး ရဲတပ်ဖွဲ့ကို ခနဲ့တဲ့ စာသားတွေကိုလည်း သူ့ အင်စတာဂရမ်ကောင့်မှာလည်း ရေးထားပါသေးတယ်။ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ပြန်ထားပေမယ့် ဘရမ်ဘလီကတော့ ဒါဟာ နားလည်မှုလွဲတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ကတော့ သူ့အတွက် ထုတ်ပြန်ထားတဲ့ ဝရမ်းဟာ အခုချိန်ထိ အသက်ဝင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
2 years Ago
More News
Up