တက္ကသိုလ် ဆရာ၊ ဆရာမ

April 1, 2021

CDM မလုပ်သည့် တက္ကသိုလ် ဆရာ၊ ဆရာမများကို နိုင်ငံတော် သစ္စာဖောက်အဖြစ် ကြေညာ

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ဆရာ၊ ဆရာမတွေကို နိုင်ငံတော် သစ္စာဖောက်အဖြစ် မော်လမြိုင်တက္ကသိုလ် ကျောင်းသားထုက ကြေညာလိုက်ပါတယ်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားတွေဟာ CDM မပါသေးတဲ့ ဆရာ၊ ဆရာမတွေကို CDM မှာ ပါဝင်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။

ဧပြီ ၁ ရက်နေ့အထိ ထုတ်ပြန်မှုအရ ဘူဗိဗေဒ၊ ပထဝီ၊ ဉပဒေ၊ အင်္ဂလိပ်စာ၊ ရူပ‌ဗေဒဌာနက CDM မလုပ်တဲ့ ဆရာ၊ဆရာမ ၇၅ ဦးကို နိုင်ငံတော် သစ္စာဖောက်အဖြစ် ကြေညာလိုက်တာပါ။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားတွေကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ သင်ယူရမယ့် ပညာရေးကို ကျွန်ပညာရေး အဖြစ်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်အာဏာရှင်ကို CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေနဲ့အတူ ရပ်တည်ပြီး အမြစ်ပြုတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

8 months Ago
Up