တက္ကသိုလ်ဝင်တန်း

A d v e r t i s e m e n t With Us

August 12, 2020

မိုးညှင်းမြို့တွင် တက္ကသိုလ်ဝင်တန်း ၆ ဘာသာဂုဏ်ထူးရှင်ကျောင်းသူကို ဂုဏ်ပြု 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို  ဘာသာစုံဂုဏ်ထူးထွက်ပြီး အောင်မြင်ခဲ့တဲ့ ၆ ဘာသာဂုဏ်ထူးရှင် မမျိုးခိုင်ဇင်သော်ကို နန်းခါရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ ဂုဏ်ပြုပွဲပြုလုပ်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့အတွက်  ကျူရှင်မတက်ခဲ့ဘဲ  တနေ့စာ တနေ့  ပုံမှန်လုပ်ပြီး ဖြေဆိုခဲ့တာဖြစ်တယ်လို့ ၆ ဘာသာဂုဏ်ထူးရှင် မမျိုးခိုင်ဇင်သော်က ပြောပါတယ်။ “ကျမ ကျူရှင်မတက်ပါဘူး။ ကျောင်းကပြန်ရင်အိမ်မှာ ဂိုက်ဆရာမတယောက်နဲ့ သင်ယူပါတယ်။ နောက်နှစ်တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့် မောင်လေးညီမလေးတွေကို ပြောချင်တာက တနေ့သင်ခန်းစာကို တနေ့ကျေအောင်ပုံမှန် လုပ်ဖို့ပါ။ ကျန်တာ ဦးနှောက်ထဲမထည့်ဖို့ ဒါဆို အောင်မြင်နိုင်မယ်။” ဆရာဝန်ကြီးဖြစ်အောင် ဆက်လက် ကြိုးစားသွားပြီး နိုင်ငံတာဝန်ထမ်းဆောင်သွားမယ်လို့လည်း ပြောပါတယ်။ သူ့ရဲ့ မိဘတွေကလည်း အိမ်မှာ တီဗီမကြည့်တော့ပဲ ကလေးပညာရေးကျန်းမာရေးအတွက်ပဲ ဦးစားပေးပံ့ပိုးခဲ့ပါတယ်လို့ ပြောပါတယ်။ မမျိုးခိုင်ဇင်သော်ဟာ ကျောင်းစနေကတည်းက နှစ်စဉ် အဆင့်တစ် ရှိခဲ့သူဖြစ်ပြီး စတုထ္ထတန်းမှာ စကောလားရှစ် ပညာသင်ဆုကို နိုင်ငံတော်မှ ပေးအပ်ခဲ့ပါတယ်။ မိုးညှင်းမြို့မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ၆ ဘာသာဂုဏ်ထူးရှင် ကျောင်းသူ မမျိုးခိုင်ဇင်သော် တဦးတည်းသာ ပေါ်ထွက်လာတာဖြစ်ပြီး စုစုပေါင်းရမှတ်မှာ ၅၂၀ မှတ် ရရှိခဲ့ပါတယ်။ သတင်း - မုန်းမုန်းမင်း
7 months Ago

March 13, 2020

မသန်စွမ်းကျောင်းသူကျောင်းသား ၂၃၀ ခန့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေ   

လက်ရှိ ကျင်းပနေတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်   တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မသန်စွမ်းကျောင်းသား၊ကျောင်းသူပေါင်း ၂၃၀ နီးပါး ဝင်ရောက်ဖြေဆိုနေကြပါတယ်။  တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်ကနေ စတင်ကျင်းပလာတာဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ ဒီကနေ့မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ် ၃ ခုကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာ စစ်ဆေးပြီးဖြစ်တဲ့ ဘာသာရပ်(၃)ခုလုံးကို အခက်အခဲမရှိ ဖြေဆိုနိုင်တယ်လို့ မသန်စွမ်း ကျောင်းသား၊ကျောင်းသူတွေကပြောပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုနေတဲ့ မသန်စွမ်းကျောင်းသားတွေကို ပုံမှန်စာမေးပွဲ ဖြေဆိုချိန် ၃ နာရီထက် အချိန်ပိုနာရီဝက်ပိုပြီးဖြေဆိုခွင့်ပြုထားသလို အဲဒီကျောင်းသားတွေအတွက် သီးသန့်စာမေးပွဲဖြေဆိုခန်းတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။  အကြားအာရုံမသန်စွမ်းတဲ့ ကျောင်းသားတွေအတွက် စာမေးပွဲမေးခွန်းကို Sign Language ဘာသာရပ်နဲ့ ၁၅ မိနစ်ရှင်းပြပေးပါတယ်။ အမြင်အာရုံမသန်စွမ်းသူတွေနဲ့ ကိုယ်တိုင်စာရေးဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသားတွေကို အကူစာမေးပွဲဖြေဆိုသူနဲ့ အတူ ဖြေဆိုခွင့်ပေးထားပါတယ်။ ဒီနှစ်မှာကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးက ကိုယ်အင်္ဂါ မသန်စွမ်းသူ ၁၇၇ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၃၀ ဦးနဲ့ အကြားအာရုံမသန်စွမ်းသူ ၂၂ ဦး စုစုပေါင်း ၂၂၉ ဦး ဝင်ရောက်ဖြေဆိုနေတာဖြစ်ပါတယ်။  မတ်လ ၁၃ ရက်နေ့မှာ စစ်ဆေးခဲ့တဲ့ သင်္ချာဘာသာရပ်ဟာလည်း လွယ်ကူမှုရှိတဲ့အတွက် ကျောင်းသားအများစု ဖြေဆိုနိုင်ခဲ့ကြပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
12 months Ago
Up