တက္ကသိုလ်ကျောင်းသူ ကျောင်းသား

November 24, 2021

အီရတ်နိုင်ငံတွင် တက္ကသိုလ် ကျောင်းသူကျောင်းသား ထောင်ပေါင်းများစွာ ဆန္ဒပြ

အီရတ်နိုင်ငံက တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကာဒစ္စတန်ပြည်နယ်၊ ဆူလိုင်မာနီယာ မြို့ရဲ့ လမ်းတွေပေါ်မှာ တက္ကသိုလ် ကျောင်းသူကျောင်းသား ထောင်ပေါင်းများစွာဟာ နိုဝင်ဘာ ၂၃ ရက်က တတိယမြောက်နေ့အဖြစ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လစဉ် ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၃၄ ဒေါ်လာနဲ့ညီမျှတဲ့ အီရတ်ငွေ ဒီနာ ၅၀၀၀၀ ထက်မနည်းကို ပြန်ပေးဖို့နဲ့ တက္ကသိုလ်အဆောင်တွေမှာ ဝန်ဆောင်မှု မရှိတာတွေအတွက် ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ။

အီရတ်ပိုင်နက်ကို အိုင်အက်စ် စစ်သွေးကြွတွေ ထိန်းချုပ်ခဲ့လို့ စီးပွားရေး ကျဆင်းတာကို ရင်ဆိုင်ခဲ့ရတဲ့ ၂၀၁၄ ခုနှစ်တည်းက ကာဒစ္စတန်ဒေသမှာ ထောက်ပံ့ကြေးတွေကို  ဖြတ်တောက်ခဲ့တာပါ။ 

အီရတ်နိုင်ငံဖွား ကာ့ဒ်လူမျိုးတွေဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဆီကို တရားမဝင်သွားဖို့ မျှော်လင့်ချက်နဲ့ လတ်တလောလတွေအတွင်း ဘဲလာရုစ်နိုင်ငံဆီ ရွှေ့ပြောင်းသွားလာနေကြတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

2 months Ago
Up