တက္ကသိုလ်ကျောင်းသူ

August 4, 2021

ပေါင်မြို့နယ်က တက္ကသိုလ်ကျောင်းသူ ၂ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာ‌ကျေးရွာနေ တက္ကသိုလ်ကျောင်းသူ ၂ ဦးကို ဩဂုတ် ၃ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်နဲ့ရဲတွေက လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာ နောက်ဆုံးနှစ်ကျောင်းသူ နန်းစန္ဒာ၀င်းနဲ့ ရုက္ခဗေဒ (အဝေးသင်တန်း) စတုတ္ထနှစ် ကျောင်းသူ နန်းဆုပိုင်ဖူး တို့ကို နေအိမ်အတွင်း ဝင်ရောက်ပြီး မတရား ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီကျောင်းသူ ၂ ဦးဟာ ပေါင်မြို့နယ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျား သပိတ်မှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း ဆက်တိုက်မြင့်တက်နေတဲ့ အခြေအနေမှာ ကျောင်းသူ‌တွေကို ခုလို မတရားဖမ်းဆီးတာကို လက်မခံနိုင်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြလို့ ဆိုပြီး ကျောင်းသူ ကျောင်းသားတွေနဲ့ အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

3 months Ago

April 20, 2021

ရွှေဘိုမြို့၌ တက္ကသိုလ်ကျောင်းသူ ၁ ဦးကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ   ဧပြီ ၂၀ ရက်  မနက်ပိုင်းက တက္ကသိုလ်ကျောင်းသူ  မဖြူဖြူသင့်ကို အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့က  ဖမ်းဆီးသွားပါတယ်။

မဖြူဖြူသင့်ဟာ ဒီကနေ့မနက် ဆန္ဒပြပွဲက အပြန် ဆိုင်တစ်ဆိုင်မှာ မုန့်ဝင်စားနေစဉ် အကြမ်းဖက်သမားတွေက ဆိုင်းအတွင်းဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သူနဲ့ နီးစပ်တဲ့ ရွှေဘိုမြို့ခံ တဦးကပြောပါတယ်။

“ သူက ဆန္ဒပြပွဲအပြန်မှာ မုန့်ဝင်စားတာပါ၊ မုန့်ဝင်စားတဲ့အချိန် မဖြူဖြူသင့်ကို အကြမ်းဖက် စစ်သားနဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်”။ 

မဖြူဖြူသင့်ဟာ ရွှေဘိုတက္ကသိုလ် မြန်မာစာ တတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး လက်ရှိ သူ့ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။ 

6 months Ago
Up