တက္ကသိုလ်ကျောင်းသားများ

May 1, 2021

မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

‌ မော်လမြိုင်မှာ တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းပြီး မေ ၁ ရက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

 အကြမ်းဖက် စစ်အုပ်စုလက်အောက်မှာ ဖွင့်လှစ်သင်ကြားပေးမယ့် ပညာရေးစနစ်ကို ကျွန်ပညာရေးစနစ်လို့ သတ်မှတ်ထားတဲ့အပြင် ကျောင်းတွေ ဖွင့်ရင် တက်မှာ မဟုတ်ဘူးလို့ သူတို့က ပြောကြပါတယ်။

ဒါ့အပြင် ဆန္ဒပြကျောင်းသားတွေက စစ်အာဏာရှင်ကို အဆုံးသတ်တဲ့အထိ တိုက်ပွဲဝင်ပေးကြဖို့  ပြည်သူတရပ်လုံးအား ထပ်မံတိုက်တွန်းသွားပါတယ်။

6 months Ago

March 29, 2021

မော်လမြိုင်တွင် အကြမ်းဖက်စစ်အုပ်စုကို တက္ကသိုလ်ကျောင်းသားများ ဆန္ဒဆက်ပြ

ပစ်ခတ်သတ်ဖြတ်မှုတွေဆက်တိုက် ကြုံနေရတဲ့ မွန်ပြည်နယ် မော်လမြိုင်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို မတ်လ ၂‌၉ ရက်နေ့မနက်က တက္ကသိုလ်ကျောင်းသားတွေက  ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ပိတ်ဆို့ စစ်ဆေးတာ အပါအဝင် လက်နက်ကိုင်လုံခြုံရေးတွေ တိုးမြှင့်ချထားတာကြောင့် အကြမ်းဖက် စစ်ကောင်စီကို လူငယ်တွေက ပြောက်ကျားစနစ်နဲ့ တော်လှန်နေတာဖြစ်ပါတယ်။

မော်လမြိုင်က တက္ကသိုလ်ကျောင်းသားတွေဟာ မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ရာမှာ  စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ၃ ဦး သေနတ် ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောင်းသားတွေကတော့  ဘယ်အခြေအနေပဲ ရောက်ရောက် စစ်အာဏာရှင်ကို အမြစ်ပြုတ်တဲ့အထိ ဆက်လက်တော်လှန်သွားမယ်လို့ ကတိပြုထားပါတယ်။

7 months Ago
More News
Up