တက္ကသိုလ်ကျောင်းများသမဂ္ဂအဖွဲ့

March 20, 2021

မော်လမြိုင်တွင် အကြမ်းဖက်စစ်ကောင်စီကို ပေါင်းစည်း တက္ကသိုလ်များသမဂ္ဂအဖွဲ့ ဆန္ဒပြ

မော်လမြိုင်မြို့ မတ် ၂၀ ရက်နေ့က အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို ပေါင်းစည်းထားတဲ့ တက္ကသိုလ်များသမဂ္ဂအဖွဲ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ အာဏာသိမ်း စစ်အုပ်စုက ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ တက္ကသိုလ်ကျောင်းသားတွေက တောင်းဆိုခဲ့ပါတယ်။

ဒါအပြင် အာဏာသိမ်းစစ်အုပ်စုကို တော်လှန်ရာမှာ အရေးတော်ပုံ အောင်မြင်တဲ့အထိ ခွပ်ဒေါင်းအလံ မလိပ်ဘဲ ဆက်လက်တော်လှန်သွားမယ်လို့ ဦးဆောင် တက္ကသိုလ်ကျောင်းသား တစ်ဦးက ပြောတယ်။

မော်လမြိုင်မှာတော့ စစ်အာဏာရှင်အား ဆန့်ကျင် ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းနေတာကြောင့် ပြောက်ကျားသပိတ်‌နဲ့ ဆန္ဒထုတ်ဖော်နေကြပါတယ်။

9 months Ago
Up