တက္ကဆက်

October 14, 2020

အမေရိကန်ရွေးကောက်ပွဲအတွက် ကြိုတင်မဲစပေး၊ တက္ကဆက် မဲရုံရှေ့၌ လူတန်းရှည်ကြီးဖြစ်နေ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်သားတွေဟာ အောက်တိုဘာ ၁၃ ရက်က ကြိုတင်မဲပေးဖို့ စံချိန်တင် ထွက်လာခဲ့ကြလို့ မဲရုံတွေရှေ့မှာ လူတန်းရှည်ကြီး ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဗလစ်ကန်ပါတီဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်ပါတီဝင် ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာပါ။ ပြည်နယ်အတွင်း မြို့တွေရဲ့ မဲရုံတွေမှာ မဲပေးသူတွေ လူတန်းရှည်ဖြစ်တဲ့အထိ မဲရုံမဖွင့်ခင်တည်းက စောင့်နေကြပါတယ်။ ရွေးကောက်ပွဲနေ့မရောက်ခင် သီတင်းပတ် ၃ ပတ် လိုသေးပေမယ့် လူကိုယ်တိုင်ရော စာတိုက်စနစ်နဲ့ပါ နိုင်ငံတဝန်း ကြိုတင်မဲပေးသူ ၁၀ သန်းကျော်ရှိပြီလို့ အမေရိကန် ရွေးကောက်ပွဲ စီမံကိန်းကရတဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။ အိမ်ဖြူတော်နဲ့ အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့  ပြိုင်ဘက်ပါတီတွေ ခါးခါးသီးသီး ယှဉ်ပြိုင်နေကြလို့ မဲပေးသူ အရေအတွက် မြင့်နေတာလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဘေးကင်းရေး စိုးရိမ်ချက်တွေကြောင့် မဲပေးရမယ့်နေ့မှာ လူတွေ များတာကို ရှောင်ဖို့ အမေရိကန် ပြည်သူအများအပြား ကြိုတင်မဲပေးနေကြပါတယ်။ ပုံမှန်အားဖြင့် ရီပတ်ဗလစ်ကင် ပါတီဝင်တွေဘက်ကို ယိမ်းတဲ့ တက္ကဆက်ပြည်နယ်ဟာ ဒီနှစ် သမ္မတ ရွေးကောက်ပွဲမှာတော့ အပြိုင်အဆိုင်များတဲ့ ပြည်နယ် ဖြစ်လာပါတယ်။ ဘိုင်ဒန်က နိုင်ငံလုံးဆိုင်ရာ ထင်မြင်ချက် စစ်တမ်းတွေမှာ ထရမ့်ထက် ပုံမှန်အသာစီးရနေပြီး သူ့မဲဆွယ်ပွဲတွေကိုလည်း နယ်မြေသစ်တွေဆီကို တိုးချဲ့ခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်မှာတော့ ဘိုင်ဒန်က ထရမ့်နောက်မှာကပ်လိုက်နေတယ်လို့ ပြည်နယ်ဆိုင်ရာ ထင်မြင်ချက် စစ်တမ်းတွေက ပြထားပါတယ်။
6 months Ago

June 23, 2020

တက္ကဆက်တွင်  လော့ဒေါင်းထပ်ချရန် အစီအစဉ်မရှိဟု အုပ်ချုပ်ရေးမှူးပြော

အမေရိကန်ပြည်ထောင်စု၊  တက္ကဆက်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်နှုန်းက လက်မခံနိုင်စရာဖြစ်ပေမဲ့  ပြည်နယ်မှာ လော့ဒေါင်းချတာကို ထပ်လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တက္ကဆက်ပြည်နယ်မှာ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသူတွေ ၁၁ ရက်ဆက်တိုက် ရှိခဲ့ပြီး ၁၁ ရက်မြောက်နေ့မှာတော့ လူနာ ၃,၇၁၁ ယောက်နဲ့ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။  ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့က ကိုဗစ်-၁၉ ကို ထိန်းချုပ်ရမှာ ဖြစ်ပေမဲ့ ပြည်နယ်ကို တစ်ခါ ထပ်လော့ဒေါင်းချဖို့ကိုတော့ နောက်ဆုံးအခြေအနေမှ လုပ်သွားမယ်လို့ ပြောပါတယ်။ လက်ရှိ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ ၂၃၀၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၂၂,၀၀၀ ကျော်နဲ့ ကမ္ဘာမှာ ကူးစက်သူရော သေဆုံးသူ အများဆုံးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
10 months Ago
More News
Up