တက္ကစီသမား

October 22, 2021

လှိုင်မြို့နယ်က စစ်ကောင်စီသတင်းပေး တက္ကစီသမား ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်က စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများတဲ့ အမျိုးသားတယောက်  အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီခွဲလောက်က သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ပစ်ခတ်ခံရသူဟာ တက္ကစီမောင်းတဲ့  ဦးသိန်းဝင်းဖြစ်ပြီး ကားမောင်းရင်း သတင်းစုံစမ်းသလို ဓာတ်ပုံရိုက်ပြီး ဖမ်းခိုင်းတာတွေ လုပ်နေတာကြောင့် ရှင်းပစ်လိုက်တာလို့  Rangoon Urban Revolutionaries -RUR က ဆိုပါတယ်။

ဦးသိန်းဝင်းဟာ တက္ကစီမောင်းရင်း  လှိုင်မြို့နယ်၊ သီရိမြိုင်ဘူတာအနီး ကားရပ်နားနေချိန်မှာ ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။ 

ဦးသိန်းဝင်း ပစ်ခတ်ခံရတာကြောင့် ဖမ်းဆီးခံရသူ ၈ ဦးထက်မနည်း ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

3 months Ago
Up