တက္ကစီ

June 6, 2020

အိမ်ခြေရာမဲ့ အဘွားအို ၁ ဦးကို တက္ကစီတစီးက တိုက်ပြီး ထွက်ပြေး (ဓာတ်ပုံ)

လမ်း ၅၀ ထိပ်နားမှာ အိမ်ခြေရာမဲ့ အဘွားအိုတယောက်ကို ဇွန်လ ၆ ရက်နေ့ မနက်အစောပိုင်းမှာ တက္ကစီတစီးက တိုက်ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီနေရာကို ရွှေကြာ လူမှုကူညီရေးအသင်းက လာရောက်ပြီး အဘွားအိုကို ဆေးရုံတင်ဖို့ လုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ကားနဲ့ တိုက်ပြေးသွားတဲ့ယာဉ်ကိုတော့ မမိလိုက်ဘဲ လူရှင်းချိန် တိုက်ပြေးသွားတာလို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ ကားတိုက်ခံရသူ အဘွားအိုဟာ အိမ်ခြေရာမဲ့တဦးဖြစ်ပြီး Orchid hotel ဘေးက ပလက်ဖောင်းပေါ်မှာ ညအိပ်နေကျ ဖြစ်ပါတယ်။ ခိုင်ပန်းနု
1 year Ago
Up