တကိုယ်တော်ဆန္ဒပြသမား ဦးသက်ဝေ လွတ်မြောက်

A d v e r t i s e m e n t With Us

April 8, 2016

တကိုယ်တော်ဆန္ဒပြသမား ဦးသက်ဝေ လွတ်မြောက်

ရန်ကုန်မြို့ထဲမှာ တကိုယ်တော်ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးသက်ဝေ ဒီကနေ့မနက်က ရန်ကုန် အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာပါတယ်။ တပ်မတော်တပ်ထိန်း(ကြည်း) တပ်သားဟောင်း ဦးသက်ဝေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင် လွတ်မြောက်ရေးအတွက် တကိုယ်တော် ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရတာပါ။
5 years Ago
Up