ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့က တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်တဦး တကိုယ်တော် မြို့အတွင်း လှည့်လည်မဲဆွယ်ဟောပြောတာတွေ ပြုလုပ်ခဲ့ပါတယ်။
ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးထွန်းထွန်းဟာ သူ့ရဲ့လည်ပင်းမှာ လူ့အခွင့်အရေးစံနှုန်းများနဲ့အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်းတွေရဖို့နဲ့ ပြည်သူတို့ရဲ့အခွင့်အရေးအပြည့်အဝရစေဖို့ ဦးထွန်းထွန်းဦးကို မဲပေးပါဆိုတဲ့ ပိုစတာကို လည်ပင်းချိတ်ဆွဲပြီး မြို့တွင်းလှည့်လည် မဲဆွယ်ခဲ့တာပါ။
ဦးထွန်းထွန်းဦးက “နိုင်ငံမှာ ဥပဒေပြုထားတာ ရှိပေမယ့် နိုင်ငံသား အခွင့်အရေးတွေပေါ်မှာ ပြုထားတဲ့ ဥပဒေတွေက သက်ရောက်မှုမရှိသလို ခံစားခွင့် မရှိလို့ မြေပြင်နဲ့လွဲချော်နေတဲ့ ဥပဒေတွေဖြစ်နေတာတွေ ပြုပြင်ဖို့ ခုလိုဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများတဲ့ ပုသိမ်မြို့မှာ Stay at Home အမိန့်ထုတ်ပြန်ထားတာကြောင့် မဲဆွယ်ဖို့အတွက် ကျေးရွာတွေသွားချိန်မှာ စိန်ခေါ်မှုတွေရှိနေပြီး ကပ်ရောဂါဖြစ်နေတဲ့ကာလနဲ့ မဲဆွယ်ကာလတိုက်နေတာကြောင့် မဲဆွယ်ရက်နည်းလို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဦးက ဖွဲ့စည်ပုံပါ နိုင်ငံသားအခွင့်အလမ်းတွေ၊ ပြည်သူတွေအတွက် တန်းတူညီမျှမှု မမရှိတာတွေကို ပြည်သူ့သစ္စာခံယူပြီး လွှတ်တော်ထဲမှာ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာမှာ အင်အားကြီးပါတီတွေဖြစ်တဲ့ NLD၊ USDP ပါတီအပါအဝင် ပါတီ ၆ ပါတီက ကိုယ်စားလောင်းတွေနဲ့အတူ ဦးထွန်းထွန်းဦးက တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မင်းထက်မုန်း(ပုသိမ်)
2 years Ago