တကိုယ်တော်ပန်းချီပြပွဲ

January 19, 2021

Artist လွင်လွင်ကျော်၏ ၈ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)

စကားဝါ အနုပညာပြခန်းရဲ့ ရောင်းအားကောင်း ပန်းချီဆရာတွေထဲမှာပါဝင်တဲ့ ပန်းချီလွင်လွင်ကျော်ရဲ့ ၈ ကြိမ်မြောက် ပြပွဲကို ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သမာဓိလမ်းက စကားဝါ ပန်းချီပြခန်းမှာ ဖွင့်လှစ်ပြသနေပါတယ်။  ပန်းချီဆရာ လွင်လွင်ကျော်ရဲ့ ၃၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်လည်းဖြစ်တဲ့ အခု ပန်းချီပြပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်ကနေ  ၂၅ ရက်နေ့အထိ ၁၁ ရက်ကြာ ပြသသွားမှာပါ။  ပန်းချီကား ၃၇ ကား ပြသထားပြီး ပန်းချီကားဆိုဒ် အကြီး အသေးအလိုက် ကားတကားကို ကျပ် ၁ သိန်းကနေ ၁၀ သိန်း အထိ ရောင်းဈေး သတ်မှတ်ထားပါတယ်။ အွန်လိုင်းကနေ ကြည့်ရှုလိုသူတွေအတွက် www.facebook.com/sagawarart ကနေ ဝင်ကြည့်နိုင်ပါတယ်။
11 months Ago

September 11, 2020

ပန်းချီဟန်ကျော်မိုးရဲ့ Cloud's Second Solo တကိုယ်တော်ပန်းချီပြပွဲ 

ပန်းချီ ဟန်ကျော်မိုးရဲ့ Cloud's Second Solo အမည်ရှိ ဒုတိယအကြိမ် တကိုယ်တော်ပန်းချီပြပွဲကို ညောင်ဦးမြို့က M.P.P Art Gallery မှာ ပြသနေပါတယ်။  မန္တလေးတိုင်း၊ ညောင်ဦးမြို့က MPP  ပြခန်းမှာ ပြုလုပ်နေတာဖြစ်ပြီး ကိုဗစ်- ၁၉ ကာလ ကျန်းမာရေးဌာန ညွှန်ကြားချက်တွေနဲ့ အညီ ပြုလုပ်နေတာလို့ ပန်းချီ ဟန်ကျော်မိုးက ပြောပါတယ်။  ပြပွဲကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘ် ၁၀ ရက်ကနေ ၂၀ ရက်နေ့အထိ ၁၁ ရက်တိတိ ပြသသွားမှာပါ။ ပန်းချီကားပေါင်း ၁၅ ကားကို ပြသထားပြီး ကားတကားကို ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ သတ်မှတ်ထားပါတယ်။ သတင်း- မောင်တူး
1 year Ago
Up