တကသသပိတ်စစ်ကြောင်း

May 6, 2021

မန္တလေးဈေးချိုအနီး တကသသပိတ်စစ်ကြောင်း ဆန္ဒပြ

မန္တလေးမြို့ ဈေးချိုအနီးမှာ မေ ၆ ရက်မနက်က  စစ်အာဏာရှင်ကျဆုံးရေး၊ စစ်ကျွန်ပညာရေးစနစ် တိုက်ဖျက်ရေးအတွက် မန္တလေးအခြေစိုက် တကသ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဈေးချိုနာရီစင်အနီးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ အမြဲရှိနေပေမဲ့ ကျောင်းသားလူငယ်တွေဟာ ဆိုင်ကယ်တွေနဲ့ အောင်မြင်စွာ ချီတက်ဆန္ဒပြခဲ့ ကြပါတယ်။

အရင်က ဈေးချိုနာရီစင်အနီး ဆန္ဒပြပွဲတွေမှာ ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲတာ၊ တပ်စွဲ ထားတာတွေကြောင့် မတ်လနောက်ပိုင်း တခြားနေရာတွေမှာ စုဝေးဆန္ဒပြခဲ့ပြီး အခုအခါ ဈေးချိုအနီး မြို့လယ်ခေါင်မှာ ပြန်လည်ချီတက်ခဲ့ကြတာပါ။

7 months Ago
Up