တကယ့်လက်ဝှေ့သမားကြီးများ

July 27, 2017

တကယ့်လက်ဝှေ့သမားကြီးများလို ရှဥ့်ကြီး ၂ ကောင်ရဲ့သူနိုင်ကိုယ်နိုင် တိုက်ပွဲ (ရုပ်သံ)

မြေအောင်းတိရစ္ဆာန်အမျိုးအစားဖြစ်တဲ့ မာမော့တ် (Marmots) ခေါ် ရှဥ့်ကြီးအမျိုးအစား သတ္တဝါလေး ၂ ကောင် လမ်းလယ်ခေါင်ပေါ်မှာ သူနိုင် ကိုယ်နိုင် တိုက်ခိုက်နေကြတဲ့ ချစ်စဖွယ် ထူးဆန်းတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။ ရုပ်သံထဲမှာ ရှဥ့်ကြီး ၂ ကောင်က တကယ့် လက်ဝှေ့သမားကြီးတွေလို သူတို့ရဲ့ နောက်ခြေထောက်လေးတွေကို အားပြု ရှေ့ခြေထောက် ၂ ဖက်ကို အားကုန်သုံးပြီး တကောင်နဲ့တကောင် အပြန်အလှန် တိုက်ခိုက်နေကြတာပါ။ တကောင်နဲ့တကောင် အားချင်းယှဉ်နေကြပြီး တကောင်လည်ပင်းကို တကောင်က လှမ်းဆုပ်ကိုင်ဖို့လည်း ကြိုးစားနေကြတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ရှဥ့်ကြီး ၂ ကောင်ရဲ့ တိုက်ခိုက်နေကြတဲ့ ရုပ်သံကို အခုလ အစောပိုင်းတုန်းက တရုတ်နိုင်ငံ Haixi Mongol ဒေသက မြို့တမြို့မှာ လမ်းဖြတ်သွားဖြတ်လာ တဦးက ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ ရုပ်သံကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့သူက ဒီသတ္တဝါလေး ၂ ကောင်ရဲ့ လက်ဝှေ့ပွဲက တကောင်နဲ့တကောင် အနိုင်ရတဲ့အထိကို တိုက်နေကြတာလို့ ရေးထားပါတယ်။ ဘယ်ကစပြီး ဒီလိုတိုက်ခိုက်တယ်ဆိုတာ မသိရပေမယ့် ရုပ်သံရဲ့အဆုံးမှာ တကောင်က အခြားတကောင်ကို အနိုင်တိုက်ခိုက်နိုင်ခဲ့ပုံတော့မတွေ့ရပါဘူး။ မာမော့တ်ဆိုတာက မြေအောင်း ရှဥ့်ကြီးအမျိုးအစား ၁၄ မျိုးရဲ့ ယေဘူယျအမည်ဖြစ်ပြီး သူတို့တွေကို မြောက်အမေရိကမှာ တွေ့နိုင်တယ်လို့ သိရပါတယ်။ သူတို့ရဲ့အလေးချိန်က ၃ ကီလိုကနေ ၇ ကီလိုဂရမ်အထိရှိပြီး ဆောင်းတတွင်းလုံး ဆောင်းခိုကြတယ်၊ အသီးအရွက်တွေကိုပဲ အစားများတယ်လို့ မေရာသတင်းတပုဒ်မှာ ဇူလိုင်လ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up