ဌာနေပြန် မြန်မာအလုပ်သမားများ ကားမှောက်၊ ၁ ဦးသေဆုံး ၁၅ ဦး ဒဏ်ရာရ

A d v e r t i s e m e n t With Us

February 19, 2016

ဌာနေပြန် မြန်မာအလုပ်သမားများ ကားမှောက်၊ ၁ ဦးသေဆုံး ၁၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ခရိုင်ကနေ မြန်မာပြည်ကိုပြန်မယ့် အလုပ်သမားတစုဟာ ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူးရီးခရိုင်ထဲမှာ ယာဉ်မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားပြီး သေဆုံးဒဏ်ရာရခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ခင်းပိုင်းက ဆုဖန်းပူးရီးမြို့နယ်  ဘန့်ဖိုးထိကျေးရွာအုပ်စုတွင်း အဝေးပြေးလမ်းမပေါ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းပို့ချက်ရခဲ့ပြီး လူနာ တင်ယာဉ်နဲ့အတူ အခင်းဖြစ်တဲ့နေရာကို သွားကြည့်ရာမှာ တိမ်းမှောက်ပျက်စီးနေတဲ့ အဖြူရောင် တိုယိုတာမှန်လုံကား ၁ စီး၊ သေဆုံးသူ ၁ ဦးနဲ့ ဒဏ်ရာရသူ ၁၅ ဦးကို တွေ့ခဲ့တာလို့  ဆုဖန်းပူးရီးမြို့မ ရဲစခန်းတာဝန်ကျ ရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။ ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၄၂ နှစ်ရွယ်ရှိ မဘုတ်ဆိုသူ မြန်မာအမျိုးသမီးဖြစ်ကြောင်း၊  အသက် ၁ နှစ်ရွယ်ရှိ ကလေးတဦးနဲ့  ၈ ဦး ပြင်းထန်တဲ့ ဒဏ်ရာရပြီး ကျန်တဲ့  ၇ ဦးမှာ အနည်းငယ်ဒဏ်ရာရတယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ယာဉ်မောင်းကလွဲရင် ကျန်တာအားလုံး မြန်မာအလုပ်သမားတွေ ဖြစ်ကြောင်း၊ သူတို့အားလုံး ဖူးကက်မှာ အလုပ်သွားလုပ်တာဖြစ်ပြီး မြန်မာပြည်ပြန်ဖို့အတွက် ဖူးကက် - မဲဆောက်မှန်လုံကားကို စုငှားလာခဲ့တာလို့ ဆိုပါတယ်။ ကားပေါ်ပါလာသူတွေ ပြန်ပြောပြချက်အရ ယာဉ်မောင်းသူဟာ အိပ်ငိုက်ဟန်ရှိကြောင်း၊ အခင်းဖြစ်တဲ့ နေရာနားအရောက် ကားဟာ ဒယီးဒရိုင်ဖြစ်ပြီး လမ်းဘေးက သစ်ပင်ကြီး တစ်ပင်ဝင်တိုက်ကာ တိမ်းမှောက်သွားတာလို့  ရဲအရာရှိက ပြောပါတယ်။ ဒဏ်ရာရသူတွေအားလုံးကို ဆုဖန်းပူးရီးဆေးရုံပို့ဆောင်ထားပြီး ယာဉ်မောင်းကိုတော့ ဒဏ်ရာ ရနေတဲ့အတွက် စစ်ဆေးမေးမြန်းလို့ မရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသွားပါတယ်။  
5 years Ago
Up