ဌာနဆိုင်ရာ

A d v e r t i s e m e n t With Us

February 19, 2021

ကန့်ဘလူ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ဌာနဆိုင်ရာများ ပိုမိုပူးပေါင်းလာ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့က အလွှာပေါင်းစုံပါဝင်တဲ့ အထွေထွေသပိတ်စစ်ကြောင်းအ တွင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု များပြားလာပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ အထွေထွေသပိတ်စစ်ကြောင်းအင်အားဟာ လူသိန်းနဲ့ချီများပြားလာပြီး အဲ့ဒီထဲမှာ ကျန်းမာရေး၊ ပညာရေး၊ မီးရထား စတဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းအများပြား ပါဝင်ခဲ့ကြပါတယ်။

"စစ်အာဏာရှင်က ဖိအားပေးမှ ဝန်ထမ်း ပိုတောင်များလာသလို ဖြစ်နေတယ်။ သူတို့လက်အောက်မှာ ၉၀ ရာခိုင်နှုန်းလောက်က ဘယ်ဝန်ထမ်းမှ အလုပ်မလုပ်ချင်ကြဘူးဆိုတာ အားလုံးအသိပဲလေ။ ဒီနေ့တော့ သပိတ်အင်အားလူပိုများလာတယ်" လို့ သပိတ်မှောက်ရာမှာ ပါဝင်တဲ့ ကန့်ဘလူမြို့ခံတစ်ဦးက ပြောပါတယ်။

ကန့်ဘလူမြို့က အထွေထွေသပိတ်စစ်ကြောင်းဟာ မြို့တွင်းလမ်းမကြီးတွေမှာ စီတန်း လှည့်လည်ဆန္ဒပြခဲ့ကြသလို ဌာနဆိုင်ရာအသီးသီးရှေ့သွားရောက်ပြီး ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ CDM မှာ ပါဝင်ကာ ပြည်သူလူထုနဲ့ ပူးပေါင်းကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ကြပါတယ်။

ရန်နိုင်စိုး

2 weeks Ago

February 11, 2021

မကွေးတိုင်းအစိုးရအဖွဲ့က ဌာနဆိုင်ရာများကို တရားဝင် ရုံးပိတ်ရက်အဖြစ်ကြေညာ

အာဏာအသိမ်းခံခဲ့ရတဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစလို့ ဌာနဆိုင်ရာတွေကို တာရားဝင်ရုံးပိတ်ရက်အဖြစ် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က ဥပဒေမဲ့ အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုရာဆွဲ အဓိပ္ပါယ်ဖွင့်ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို သိမ်းယူခဲ့တဲ့အတွက် နိုင်ငံဝန်ထမ်းအလွှာအသီးသီးနဲ့ ပြည်သူလူထုတွေမှာ အခက်အခဲ ကြုံနေရပြီး အာဏာသိမ်း တပ်မတော်အစိုးရလက်အောက်မှာ ဆောင်ရွက်လိုခြင်း မရှိတဲ့အတွက် နည်းမျိုးစုံနဲ့ ဆန့်ကျင် အာဏာဖီဆန်နေကြပါတယ်။

တပ်မတော်က အာဏာသိမ်းယူတာဟာ ဥပဒေမဲ့ပြုကျင့်ခြင်းဖြစ်တဲ့အတွက် တရားမဝင်တဲ့အတွက် တိုင်းဒေသကြီးအစိုးရဲ့အဖွဲ့ ဥပဒေပုဒ်မ ၂၉ မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုကျင့်သုံးပြီး အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အောက်ရှိ ဦးစီးဌာနအားလုံးမှ အရာရှိ/အရာထမ်း အားလုံးကုမ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ အစိုးရဖွဲ့စည်း အချိန်အထိ ပိတ်ရက်အဖြစ် သတ်မှတ်ပေးကြောင်း၊ တပ်မတော်က ဥပဒေမဲ့ အာဏာသိမ်းတဲ့အပေါ် ရဲဝံ့စွာ အာဏာဖီဆန်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း/ပြည်သူ့ဝန်ထမ်းတွေကို လေးစားစွာမှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဝန်ကြီးချုပ်ကိုယ်စား ဦးမြင့်ဇော် သယံဇာတ၊သဘာဝပါတ်ဝန်ကျင်နှင့် လျှပ်စစ်၊စွမ်းအင်ဝန်ကြီးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။

မင်းထီး

3 weeks Ago

ရွှေဘိုမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဌာနဆိုင်ရာများ ပါဝင်လာ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၄ ရက်မြောက်နေ့မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလတ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှေ့နေတွေ၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ အစိုးရနည်းပညာကောလိပ်တို့ ပူးပေါင်းပါဝင်လာကြတယ်လို့ သိရပါတယ်။

Photo.lin lin

3 weeks Ago
More News
Up