ည ၇ နာရီနောက်ပိုင်း အပြင်မထွက်ရန်

October 6, 2021

စစ်ကိုင်းတိုင်းနေပြည်သူများ ည ၇ နာရီနောက်ပိုင်း အပြင်မထွက်ရန် SPDF အသိပေးကြေညာ

ပြည်သူယောင်ဆောင်ပြီး လှည့်ကင်းလှည့်ပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်လို့  စစ်ကိုင်းတိုင်းအတွင်း နေထိုင်တဲ့ပြည်သူတွေအနေနဲ့  ည  ၇ နာရီနောက်ပိုင်း အပြင်ထွက်သွားလာတာ မလုပ်ကြဖို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF)က အောက်တိုဘာလ ၆ ရက်နေ့မှာ  အသိပေးထုတ်ပြန် ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့ချင်းဆက်လမ်းတွေ၊ ရွာချင်းဆက်လမ်းတွေ ပေါ်မှာ ပြည်သူလူထုအနေနဲ့ ကားတွေ၊ စက်တပ်ယာဉ်တွေ၊ ထော်လာဂျီတွေနဲ့ လယ်ထွန်စက်တွေကို ည ၇ နာရီမှ  မနက် ၅ နာရီအထိလုံးဝ ဖြတ်သန်းသွားလာတာမလုပ်ဖို့ မိမိနေတဲ့နေရာကို ည ၇ နာရီမတိုင်ခင် အရောက် မောင်းနှင်ကြဖို့လည်း အထူးသတိပေးလိုက်ပါတယ်။

အပြင်ထွက်သွားလာရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကားတွေအနီးက ကပ်ပြီးမောင်းနှင်တာမျိုးတွေမပြုလုပ်ကြဖို့နဲ့ စစ်ကောင်စီအကြမ်းဖက်သမားတွေစီးတဲ့ ကားတွေနဲ့ ကွဲပြားခြားနားစေဖို့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အိမ်စီးကားတွကို မှန်တင်မောင်းတာ၊ မိုးကာတာလပတ်ပြီး မောင်းတာတွေမပြုလုပ်ကြဖို့ကိုလည်း SPDF ကပန်ကြားထား ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမြို့နယ်တွေ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အလုံးအရင်းနဲ့ ထိုးစစ်ဆင်အကြမ်းဖက်တိုက်ခိုက်နေတဲ့အတွက် ဒေသခံ PDF တွေက ခုခံတွန်းလှန်းစစ် ဆင်နွှဲနေရာမှာ  တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်တက် ဖြစ်ပွားနေပါတယ်။

1 year Ago
Up