မန်ယူအသင်းက တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို ပြန်လည် ခေါ်ယူဖို့ ပြောဆိုညှိနှိုင်းနေပါတယ်။
နည်းပြ မော်ရင်ဟိုက တိုက်စစ်မှူးကို ရာသီတ၀က်အတွက် ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် အီဗရာဟီမိုဗစ်ခ်ျဟာ ဒူးဒဏ်ရာ ရပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လကတည်းက အသင်းလက်မဲ့ ဖြစ်နေတာပါ။
ဆွီဒင် တိုက်စစ်မှူးဟောင်းရဲ့ ဒူးဒဏ်ရာဟာ ပြန်လည် သက်သာလာနေပြီး ဒီဇင်ဘာလလောက်မှာ ပြန်ကစားဖို့ မျှော်လင့်နေပါတယ်။
ဒါကြောင့် မန်ယူ နည်းပြက လာမယ့် ရာသီတ၀က်အတွက် အသင်းမှာ ကစားပေးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အီဗရာဟီမိုခ်ျဟာ ပြီးခဲ့တဲ့ ရာသီက မန်ယူအတွက် ကစားပေးတဲ့ ၄၆ ပွဲမှာ ၂၈ ဂိုး သွင်းယူပေးထားပါတယ်။
5 years Ago