ညှိနှိုင်းဖျန်ဖြေသူ

August 23, 2020

မာလီစစ်အာဏာသိမ်းခေါင်းဆောင်များနှင့် အနောက်အာဖရိက ညှိနှိုင်းဖျန်ဖြေသူများ ဆွေးနွေး

မာလီနိုင်ငံ စစ်အာဏာသိမ်းခေါင်းဆောင်တွေဟာ ဘာမာကို မြို့တော်မှာ အနောက်အာဖရိကဒေသအုပ်စု အီကိုဝက်စ်က ညှိုနှိုင်းဖျန်ဖြေသူတွေနဲ့  သြဂုတ် ၂၂ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မာလီသမ္မတ အီဘရာဟင်မ်ဘူဘာကာခေးတာကို ဖယ်ရှားတဲ့ လုပ်ရပ်ကို အီကိုဝက်စ် အဖွဲ့က အပြင်းအထန် ပြစ်တင်ရှုံ့ချခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်သူ့ကယ်တင်ရေးအမျိုးသားကော်မတီလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အာဏာသိမ်း ခေါင်းဆောင်တွေဟာ ထောင်ချီတဲ့ မာလီနိုင်ငံသားတွေနဲ့အတူ သြဂုတ် ၂၁ ရက်က အောင်ပွဲခံခဲ့ ပါတယ်။  သမ္မတ နုတ်ထွက်ရေး လချီ လှုပ်ရှားနေတဲ့ M5 ညွန့်ပေါင်းအဖွဲ့ကလည်း ချီတက်ပွဲတရပ် ဆော်သြကျင်းပခဲ့ပါတယ်။  ၃ ရက်တာ ငြိမ်သက်နေအပြီး ဩဂုတ် ၂၂ ရက် မှာတော့ သမ္မတ ခေးတာကို လိုလားသူ အယောက် ငါးဆယ်လောက်ပါတဲ့ အုပ်စုနဲ့ ဒေသခံတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့သုံးပြီး လူစုခွဲခဲ့ရပါတယ်။ လူ့အခွင့်အရေးအုပ်စုတွေက သမ္မတ ခေးတာနဲ့တခြား ထိန်းသိမ်းခံရသူတွေကို ဆက်သွယ်ခွင့်ရခဲ့တယ်လို့ ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင် မီနပ်စ်မာက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။ ထိန်းသိမ်းခံတွေရဲ့ အခြေအနေအသေးစိတ်ကို မပြောခဲ့ပါဘူး။  ဩဂုတ် ၂၁ ရက် အစောပိုင်းမှာတော့ အာဏာသိမ်းသူတွေဟာ ဘဏ္ဍာရေးဝန်ကြီးနဲ့ သမ္မတရဲ့ ကိုယ်ရေးအရာရှိတို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သမ္မတခေးတာရဲ့ ပါတီဥက္ကဋ္ဌ ဘိုကာရီ ထရေတာက ပြောခဲ့ပါတယ်။  အမေရိကန်က မာလီစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ဩဂုတ်၂၁ ရက်မှာ ပြောပါတယ်။  အီကိုဝက်စ်အသင်းကလည်း မာလီနိုင်ငံရဲ့ အသင်းဝင်ဖြစ်မှုကို ဆိုင်းငံ့ထားပြီး နယ်စပ်တွေ ကို ပိတ်ပစ်ခဲ့ပါတယ်။ မာလီနိုင်ငံနဲ့ ဘဏ္ဍာရေးစီးဆင်းမှု အဆက်အသွယ်တွေကို ဟန့်တားလိုက်ပြီး သမ္မတခေးတာကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဩဂုတ် ၂၀ ရက်က တောင်းဆိုခဲ့ပါတယ်။  
1 year Ago
Up