ညှိနှိုင်း

A d v e r t i s e m e n t With Us

November 27, 2020

စားသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ရရေး ရန်ကုန်တိုင်းအစိုးရနှင့်ညှိနှိုင်းနေ

ရန်ကုန်တိုင်းထဲက စားသောက်ဆိုင်တွေ ဒီဇင်ဘာလအတွင်းမှာ ကိုဗစ်စည်းကမ်းချက်နဲ့အညီ  ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ တိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့  စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်-၁၉ ပြည်တွင်းကူးစက်လူနာ  မြင့်တက်နေတဲ့အတွက် ရန်ကုန်တိုင်းထဲမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို စက်တင်ဘာ ၈ ရက်နေ့က စတင်ပြီး  ဆိုင်ထိုင်စားသောက်ခွင့် မပြုဘဲ ပါဆယ်စနစ်နဲ့ပဲ  ရောင်းချဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတာပါ။  ကိုဗစ်ကြောင့် စားသောက်ဆိုင်တွေဟာ ပါဆယ်စနစ်နဲ့ ရောင်းချနေရပြီး ရောင်းအားက သိသာစွာ ကျဆင်းနေသလို ဆိုင်ပိုင်ရှင်တွေဘက်က လစဉ် ဆိုင်ငှားခ၊ အခွန်အခနဲ့ ဝန်ထမ်းငှားရမ်းခ စတာတွေ ပေးဆောင်နေရတဲ့ အခြေအနေရှိပါတယ်။  ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း ကိုဗစ်စည်းကမ်းနဲ့ အညီ စားသောက်ဆိုင်တွေ ပြန်ဖွင့်လှစ်ရဖို့  မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းရှင်များအသင်း  ပြီးခဲ့တဲ့ရက်က တိုင်းအစိုးရဆီ စာတင်ပြထားတယ်လို့ အသင်းဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။ လက်ရှိအချိန်မှာ ကိုဗစ်ကြောင့်  ပိတ်သိမ်းထားရတဲ့ စားသောက်ဆိုင်အများစုဟာ ပြန်လည်ဖွင့်လှစ်ခွင့် မရနိုင်ဘဲ ပြိုလဲသွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီထဲ ၈၅ ရာခိုင်နှုန်းလောက်က ပြန်ခွင့်မရရင် အပြီးပိတ်သိမ်းဖွယ်ရှိနေတယ်လို့  မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။  အခုလိုသာ နောက်ထပ် ၂ လ၊  ၃ လအတွင်း စီးပွားရေး နာလန်မထူတော့ပါက အလုပ်လက်မဲ့လူဦးရေ များပြားလာနိုင်တယ်လို့ ဦးနေလင်းက ဆိုပါတယ်။ ကိုဗစ်ကာလအတွင်း ဆိုင်တွေပိတ်ထားရကြောင့် ဝင်ငွေမရှိတာကြောင့် ဆိုင်ကဝန်ထမ်းတွေကို လစာမပေးနိုင်တဲ အခြေအနေတွေ ရှိလာတယ်လို့ ဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားဧည့်သည်တွေ အသုံးပြုနိုင်မယ့် အဆင့်မြင့်စားသောက်ဆိုင်ပေါင်း  ၈၀၀ ကျော် ရှိနေပြီး ရန်ကုန်တိုင်းထဲမှာ ဆိုင်ပေါင်း  ၃၀၀ ကျော်ရှိနေပါတယ်။  နန့်ခိုင်
3 months Ago

June 11, 2020

ဒစ္စနေးရုပ်ရှင် ၃ ကားတွင် ပါဝင်ရန် ဘီယွန်းစေးကို ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ညှိနှိုင်း 

နောင်လာမယ့် ဒစ္စနေးရုပ်ရှင်ကား ၃ ကားမှာ ပါဝင်ဖို့အတွက် နာမည်ကြီးအဆိုတော် ဘီယွန်းစေးကို အမေရိကန်‌ဒါ်လာသန်း ၁၀၀(ပေါင်သန်း ၈၀ ကျော်)နဲ့ ညှိနှိုင်းသ ဘောတူညီမှုရဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အသက် ၃၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘီယွန်းစေးဟာ ဒစ္စနေးရုပ်ရှင်ကား တကား ဖြစ်တဲ့ ၂၀၁၉ ခုနှစ်ထွက် The Lion King ရုပ်ရှင်ကားမှာလည်း အတူလက်တွဲ လုပ်ဆောင်ခဲ့ပြီး အဓိကဇာတ်ကောင် Nala ဆိုတဲ့ ခြင်္သေ့မလေး နေရာမှာ အသံနဲ့ ပါဝင် သရုပ်ဆောင်ထားတာပါ။ အဲဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေ အများကြီး က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပြီး တောဘုရင်အရိုက်အရာ ဆက်ခံမယ့် ခြင်္သေ့ မင်းသားလေး Simba နေရာမှာ သရုပ်ဆောင်မင်းသား Donald Glover က ခေါင်း ဆောင်ပါဝင်ထားပြီး Simba ရဲ့ဖခင် တောဘုရင်ကြီး Mufasa နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား James Earl Jones က ပါဝင်ထားပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ နဲ့ ၂၆၀ ကြား အကုန်အကျခံ ရိုက်ကူး ထားတဲ့ အဲဒီရုပ်ရှင်ဟာ Box Office မှာတော့ ရုံတင်ဝင်ငွေ ၁ ဒဿမ ၆ ဘီလျံကျော် ရရှိခဲ့ ပြီး အောင်မြင်တဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် သည်ဆန်းသတင်းတပုဒ်မှာတော့ ဘီယွန်းစေးဟာ နောက်ထွက် မယ့် ဒစ္စနေးရုပ်ရှင် Black Panther 2 ရဲ့ ဇာတ်ဝင်သီချင်းသီဆိုမှုအပါအဝင် နောက်ထပ် ရုပ်ရှင်ကား ၂ ကားမှာပါ တွဲဖက်လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဖော်ပြထားတာပါ။ ခိုင်လုံတဲ့ ရင်းမြစ်တခုကတော့ ဘီယွန်းစေးဟာ ဒစ္စနေးနဲ့ လက်တွဲလုပ်ဆောင်မယ့် အဓိက အနုပညာရှင်တယောက်ဖြစ်လာခဲ့ပြီး သူတို့အတွက် အကောင်းဆုံးနဲ့ အသင့်တော် ဆုံး တွဲဖက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး အသေးစိတ်အ ချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
9 months Ago
Up