ညွှန်ကြား

A d v e r t i s e m e n t With Us

March 17, 2020

လူ ၁၀ ဦးထက်ပိုမစုကြရန် အမေရိကန်သမ္မတ ညွှန်ကြား

ကမ္ဘာ့ရောဂါကပ်ဘေးအဖြစ် ကြေညာခံထားရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရေး လူ ၁၀ ယောက်ထက်ပိုပြီး မစုကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၁၆ ရက်မှာ ညွှန်ကြားချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။ လိုရင်လိုသလို ခရီးသွားတာတွေ၊ အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စားပွဲရုံတွေဆီကို သွားလာမှု ရှောင်ရှားဖို့ကိုလည်း တိုက်တွန်းပါတယ်။ ညွှန်ကြားချက်အသစ်တွေကို ကူးစက်မှု နှေးကွေးစေဖို့ ပုံစံထုတ်ထားတယ်။ ၁၅ ရက်အတွင်း အသက်သွင်းကျင့်သုံးဖို့ ဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီအထိ ရထားတဲ့ အတည်ပြုချက်တွေအရ ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၆၂ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၃၀၀၀ နီးပါး ရှိပြီး ကူးစက်ခံ ၇၁၇၄ ယောက် သေဆုံးခဲ့ပြီးပါပြီ။ လောလောဆယ်မှာ တောင်ကိုရီးယား၊ အမေရိကန်နဲ့ သြစတြေးလျတို့မှာ နေ့စဉ် ကူးစက်ခံရသူ အရေအတွက် တိုးနေပြီး ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာတော့ နေ့စဉ် အသစ် ကူးစက်ခံအရေအတွက် ကျဆင်းနေပါတယ်။
12 months Ago
Up