ညောင်​လေးပင်

March 12, 2021

ပစ်ခတ်ဖြိုခွင်းမှုများ ရှိသော်လည်း ညောင်​လေးပင်တွင် ပြောက်ကျားစနစ်ဖြင့် ဆက်လက်ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ​သေနတ်ပစ်​ဖောက်တာ​တွေ၊ ပိတ်ဆို့တားစီးတာ​ တွေ ပြုလုပ်​နေတာ​ကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရပ်ကွက်၊ ကျေးရွာအလိုက်​ ပြောက်​ကျားစနစ်နဲ့ ဆန္ဒပြ​နေကြပါတယ်။

မတ်လ ၁၂ ရက်​နေ့မှာ အင်းအားအနည်းငယ်နဲ့သာ ​မြို့​ပေါ်ရပ်ကွက်တွေထဲ  အ​ရောင်ပြ ဆန္ဒ​ပြ​​ခဲ့​ကြပါတယ်။

ရဲနဲ့စစ်သားတွေက ​မြို့​ပေါ်ရပ်ကွက်​တွေထဲ စစ်ကား​တွေနဲ့ လှည့်ပတ်တားမြစ်နေချိန်မှာ ပင်မစစ်​​ကြောင်းက ပြောက်ကျားစနစ်နဲ့ လူစု​ပြီ  ရွာကြီးတွေမှာ  စစ်အာဏာရှင်ဆန့်ကျင်ရေးကို လှည့်လည်ဆန္ဒထုတ်​ဖော်ခဲ့​​ကြတယ်လို့ ဆန္ဒ​ပြရာမှာပါဝင်သူတွေက ပြောပါတယ်။

ပြောက်ကျားစနစ်နဲ့ဆောင်ရွက်ရာမှာ ရဲနဲ့စစ်သားတွေရဲ့ အင်အားအခြေအနေကြောင့် နေရာ အနှံ့ လိုက်လံတာဆီးပိတ်ဆို့ဖို့ရာ အခက်အခဲရှိတာကြောင့် ပင်မစစ်ကြောင်းကို ဖြိုခွင်းတားစီးတာတွေ မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

"ဒီနေ့တော့ အေးအေးချမ်းချမ်းပဲ ဆန္ဒထုတ်ဖော်မှုကို ရပ်နားပြီ လူစုခွဲနိုင်ခဲ့ပါတယ်။ နောက်ရက်တွေမှာလည်း အစီအစဥ်အသစ်တွေနဲ့ အာဏာရှင်စနစ်ကို အကြမ်းမဖက်ဘဲ တော်လှန်သွားမှာပါ။"

ညောင်လေးပင်မြို့မှာ ​အ​ကြမ်းဖက်ဖြိုခွဲမယ်လို့ ကြေညာတာ၊ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်နေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးကို CDM လုပ်ထားတဲ့ဝန်ထမ်းတွေ၊ ကျောင်းသား ပြည်သူတွေ၊ ဒေသခံတိုင်းရင်းသား​ ​ထောင်ကျော်က ​ပြောက်ကျားစနစ်နဲ့ ဆက်လက်ဆန္ဒပြနေကြတာပါ။

9 months Ago

February 8, 2021

စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ​ညောင်​လေးပင်တွင် လူအင်အား ​ထောင်ချီဆန္ဒ​ပြ

တပ်မတော်အာဏာသိမ်းမှုကို လက်မခံကြောင်း ​ညောင်​လေးပင်​မြို့နယ်မှာ လူဦးရေ​ထောင်ချီ ဖေဖော်ဝါရီလ ၈ ရက်နေ့မနက် ၉ နာရီမှာ ဆန္ဒ​ပြခဲ့ကြပါတယ်။

စစ်အစိုးရ အလိုမရှိ  စစ်အာဏာရှင်စနစ် အလိုမရှိ၊ အမေစု ​ကို ချက်ချင်းလွှတ်၊ သမ္မတ​ကြီးကို ချက်ချင်းလွှတ်၊ မတရားမှုမှန်သမျှ ဖီဆန်ကြ စတဲ့ ကြွေးကြော်သံတွေနဲ့ ​ဗိုလ်ချုပ်လမ်း မီးပွိုင့်မှာစုကာ ​မြို့နယ်အတွင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ကျောင်းသားလူငယ်အများစုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့လည်း ပါဝင်လာခဲ့ပါတယ်။

ညောင်လေးပင်မြို့မှာ ဖေဖာ်ဝါရီလ ၇ ရက်နေ့ညကစတင်ကာ ဆိုင်ကယ်တွေနဲ့ လှည့်လည် ဆန္ဒပြခဲ့တာဖြစ်ပြီ ဒီနေ့ဟာ စစ်အာဏာသိမ်းပြီနောက် ဒုတိယနေ့ အင်အားအများဆုံးဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

ဖေဖာ်ဝါရီလ ၉ ရက်နေ့မှာ အထွေထွေသပိတ်ကို ထက်မံကျင်းပသွားမယ်လို့ ဆန္ဒပြရာပါဝင်သူ ကိုသန်းထိုက်က ပြောပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို ဆိုင်ကယ်များ ကားများနဲ့လည်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ရာ လမ်းအချို့မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ အနည်းငယ်ရှိပေမယ့်လည်း ဆန္ဒပြသူများကို တားဆီးတာမျိုးမရှိခဲ့ပါဘူး။

သတင်း - နေလင်းထိုက်

10 months Ago
Up