ညောင်ဦးမြို့နယ်

October 3, 2021

ညောင်ဦးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဝက်အင်းကျေးရွာအနီးက စစ်တပ်ပိုင်  Mytel ဆက်သွယ်ရေး တာဝါတိုင် တတိုင် အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဝက်ကြီးအင်းကျေးရွာအနီးမှာ စိုက်ထူထားတဲ့ Mytel တာဝါတိုင်ကို ညောင်ဦးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BGN-NYU PDF) က ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ ပုဂံညောင်ဦး ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေပိုင်း ၅ နာရီကျော်လောက်က အသံကြားလိုက်တယ်၊ ညောင်ဦး ကာကွယ်ရေးတပ်ဖွဲ့က လုပ်တာလို့တော့ သိရတယ်။ မြင်ရတာကတော့ မီးလောင်ပြီး ပျက်စီးတာပေါ့။ ဖောက်ခွဲဖျက်ဆီးတဲ့သူတွေ ဘေးကင်းအောင်လို့ ငါတို့လည်း အသံကြားပြီး သွားမကြည့်ဘူး၊ ဘယ်သူမှလည်း သွားမကြည့်ကြဘူး။ ဒီက လှမ်းမြင်ရတာတော့  မီးခိုးတွေ တက်လာတာပဲ”လို့ ပြောပါတယ်။

ပုဂံညောင်ဦးဒေသမှာ ဧည့်သည်‌တွေအလာနည်းသလို ခရီးသွားလုပ်ငန်းလည်း  မကောင်းသေးတဲ့ အကြောင်းနဲ့ ဟိုတယ်တွေ တည်းခိုခန်းတွေကို စစ်ကောင်စီက ညတိုင်းလိုလို ဝင်စစ်ဆေးတာတွေ ဖမ်းတာတွေရှိနေတယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးဖို့ ပုဂံညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အောက်တိုဘာ ၁ ရက်က စတင်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃ ရက် တစ်နေ့တည်းမှာပဲ မန္တလေးတိုင်းအတွင်း အမရပူရနဲ့ ညောင်ဦးမြို့နယ်အတွင်း  Mytelတာဝါတိုင်တွေ ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။

စက်တင်ဘာလထဲက မန္တလေးတိုင်းအတွင်း သပိတ်ကျင်း၊ စဉ့်ကူး၊ ပုသိမ်ကြီး၊ တံတားဦး၊ ကျောက်ဆည် စတဲ့ မြို့နယ်တွေမှာ စစ်တပ်ပိုင်  မိုင်တဲလ်တာဝါတိုင်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။

2 weeks Ago

October 1, 2021

ညောင်ဦးမြို့နယ်အတွင်း ဒလန်ဟု အမည်ထွက်သူ အချို့ အသတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြေသန့်တောင်ရွာနဲ့ ဥယျာဉ်ကျေးရွာတို့မှာ ဒလန်လို့ အမည်ထွက်သူ တချို့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  

အောက်တိုဘာ ၁ ရက် မနက်က မြေသန့်တောင်ကျေးရွာနေ ဒလန်ဟု အမည်ထွက်သူ မယဉ်ယဉ်ကို MGN Tiger အဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဥယျာဉ်ကျေးရွာနေ ဒလန်လို့ အမည်ထွက်နေသူ သိန်းဇော်မင်းနဲ့ဇနီးတို့ဟာလည်း ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသံတွေက ပြောပါတယ်။

သူတို့ ၂ ဦးကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ မသိရပေမဲ့ သေနတ်နဲ့ ငါးချက် ပစ်သတ်ခံရတဲ့ သန်းဇော်မင်းရဲ့ ဇနီးကတော့  နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး သိန်းဇော်မင်းအခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။ 

သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြေသန့်တောင်ရွာနဲ့ ဥယျာဉ်ကျေးရွာအနီးဝန်းကျင်မှာ အကြမ်းစစ်ကောင်စီတပ်တွေက လိုက်လံ စစ်ဆေးနေပါတယ်။

2 weeks Ago
More News
Up