ညောင်လေးပင်မြို့နယ်

A d v e r t i s e m e n t With Us

October 7, 2020

ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉  အတည်ပြုလူနာ ၅ ဦးတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ အောက်တိုဘာ ၆ ရက်နေ့ညက ပြွန်တန်ဆာမြို့ အ.ထ.က ၁ ကွာရန်တင်းစင်တာက ၂ ဦး၊ ပိန်ဇလုပ်မြို့ ရေတွင်းကုန်းကျေးရွာ ကွာရန်တင်းစင်တာက ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိခဲ့သလို  အောက်တိုဘာ ၇ ရက်မနက်ကတည်း ညောင်လေးပင်မြို့သဒ္ဓမ္မရံသီ ကွာရန်တင်းစင်တာက ၁ ဦး၊  မအူတန်းကျေးရွာ ကွာရန်တင်းစင်တာက ၁ ဦးတို့မှာ ကိုဗစ်-၁၉  ရောဂါ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ အတည်ပြုလူနာသစ် ၅ ဦးစလုံးဟာ ကွာရန်တင်းဝင်ရောက်နေသူတွေဖြစ်ကြပြီး ရန်ကုန်က ပြန်လာသူ​တွေဖြစ်တယ်လို့ မြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာသောင်းဒန်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။ လူနာ ၅ ဦးစလုံးဟာ ရောဂါလက္ခဏာ ပြသချင်းမရှိဘဲ ကိုဗစ်-၁၉  ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ရောဂါအခြေနေက စိုးရိမ်စရာမရှိတာကြောင့် ညောင်လေးပင်ပြည်သူ့ဆေးရုံမှာ ပဲကုသသွားမှာဖြစ်ပြီး ရောဂါအခြေအနေ ဆိုးလာမှသာ ပဲခူးကလိဆေးရုံကို ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။ လူနာတွေဟာ ချောင်းဆိုးဖျားနာတာ၊ အနံ့မရတာတွေမရှိကြဘူး။ အခုထိတော့ စိုးရိမ်စရာ မရှိသေးဘဲ လက်ရှိမှာ ညောင်လေးပင်ဆေးရုံမှာပဲထားပြီး ကုသပေးမှာဖြစ်ပြီး နောက်ပိုင်း နေရာ အခက်အခဲဖြစ်လာရင် တိုင်းဆေးရုံကို ပြောင်းရွေ့ကုသသွားမှာ ဖြစ်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း ညောင်လေးပင်မြို့နယ်မှာ  ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ရှိပြီး လူနာအားလုံးဟာ ညောင်လေးပင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြကာ ကျန်းမာရေး အခြေအနေ ကောင်းတယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
4 months Ago

August 5, 2020

ညောင်လေးပင်မြို့နယ်၌ မီးရထားလမ်းရေကျော်သဖြင့် ရန်ကုန်-မန္တ​လေးရထားခရီးစဉ် ယာယီပိတ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့နဲ့ တော်ဝိကျေးရွာအကြားမှာ သြဂုတ် ၄ ရက်က ရထားလမ်းရေကျော်​ခဲ့တာကြောင့် ရန်ကုန်-မန္တ​လေး ရထားခရီးစဉ်တွေကို ယာယီပိတ်ထားရတယ်လို့ ​မြန်မာ့မီးရထားဌာန တာဝန်ရှိသူက ပြောပါတယ်။ ညောင်လေးပင်မြို့နယ်မှာ မိုးအဆက်မပြက်ရွာသွန်းပြီး ချောင်းရေလျှံတာကြောင့် ပိန်းဇလုပ်နဲ့ တော်ဝိကျေးရွာ​အကြား မိုင်တိုင်အမှတ် ၉၈/၄၅ မှာ ရထားလမ်းရေကျော်ပြီး တံတားနောက် တာဘောင်ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ ရထားလမ်းရေကျော်နေတာကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်တွေအားလုံးကို သြဂုတ် ၄ ရက်နေ့က စတင်ပိတ်ထားခဲ့တာဖြစ်​တယ်လို့ ပဲခူးတိုင်း​ဒေသ​ကြီး တိုင်းအင်ဂျင်နီရာမှူး ဦးအောင်အောင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ရန်ကုန်-မန္တ​လေး ရထားခရီးစဉ်အားလုံးကို ပိတ်ထားတာပါ။ ညောင်လေးပင်အနီးအနား ရောက်မှ ကားနဲ့ ကဲ့ထုတ်တာတို့ ဘာတို့ မရှိပါဘူး။ အကုန်ခရီးစဉ်အားလုံး ရပ်ထားတာပါ။ ကျနော်တို့လည်း အမြန်ဆုံး​ပြီးအောင် လုပ်​နေပါတယ်။” တာဘောင်ကျိုးကျခဲ့တဲ့နေရာမှာ အမြန်ဆုံးပြုပြင်နိုင်ဖို့ တာဘောင်ထည့်ကာ တံတားအစားထိုးဖို့ ဆောင်ရွက်နေကြပြီး   ဒီနေ့ညနေ ပြုပြင်ပြီးနိုင်မယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၄ ရက်ညက ပိန်းဇလုပ်မြို့နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းကို ဆက်သွယ်ထားတဲ့ ကားလမ်း ရေတိုက်စားလို့ ကျိုးပေါက်မှု ဖြစ်ခဲ့တာပါ။  ပိန်းဇလုပ်မြို့မှာ သြဂုတ် ၃ ရက်နေ့က မိုးအဆက်မပျက် ရွာသွန်းတာကြောင့် အိမ်ထောင်စု ၁၀၀ ကျော်က လူဦးရေ ၄၀၀ ကျော် ကယ်ဆယ်​ရေးစခန်း​တွေမှာ ယာယီ ခိုလှုံနေရ​ပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
6 months Ago
More News
Up