ညောင်ပင်သာမြို့

A d v e r t i s e m e n t With Us

March 3, 2020

ညောင်ပင်သာမြို့၌  လောင်စာဆီတင်ကား တိမ်းမှောက်၊ လူ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့ ရန်ကုန်- မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၀ အနီးမှာ မတ်လ ၂  ညနေက ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်လို့ အမျိုးသား ၃ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ယာဉ်မောင်း ရဲထွဋ်ဇော် (လှိုင်သာယာမြို့နယ်)နေသူ မောင်နှင်လာတဲ့ ISUZUအမျိုးအစား ၂၂ ဘီးတပ် ဆီဘောက်ဆာကားဟာ ဖြူးမြို့ဘက်ကနေ ကညွတ်ကွင်းမြို့ဘက်သို့မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်မှာ လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ်ကို ရှောင်တိမ်းရာက အချိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက  "ဘောက်ဆာက မြောက်ဘက်ကပဲလာတာ အခုဖြစ်တဲ့နေရာရောက်တော့ လမ်းပေါ်ကို ဖြတ်တက်လာတဲ့ ဆိုင်ကယ်ကိုရှောင်ရင်းဖြစ်သွားတာ။ ကားကလဲအချိန်မထိန်းနိုင်ဘဲ လမ်းဘေးက ညောင်ပင်ကို ပွတ်တိုက်ပြီး လယ်ထွက်သွားပြီးတော့ လမ်းပေါ်မှာပြန်မှောက်တာ ဆီမပါတာ ကံကောင်းတာ ပါရင်မီးလောင်ဖို့များတယ်"လို့ ပြောပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်ယာဉ်မောင်းနဲ့ ဆီဘောက်ဆာကားပေါ် လိုက်ပါလာသူ နှစ်ဦးမှာ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိုင်ကယ်ယာဉ်မောင်းမြင့်နိုင်နဲ့ ဆီဘောက်ဆာယာဉ်မောင်း ရဲထွဋ်ဇော်တို့ကို ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈ ၊ ၃၃၇၊ ၂၇၉ တို့နဲ့အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
1 year Ago

December 29, 2019

ညောင်ပင်သာမြို့က ကျုးကျော် ၅၀၀ ခန့်ကို တရားစွဲမည်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့က ပိုင်ရှင်ရှိ မြေကွက်တွေမှာ ကျူးကျော်အိမ် ဆောက်လုပ်နေထိုင်သူတွေကို အရေးယူသွားမယ်လို့ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန အုပ်ချုပ်ရေးမှုးဦးသန်းထွေးက ပြောပါတယ်။ ညောင်ပင်သာမြို့က စက်မှုလယ်ယာစိုက်ကွင်းနဲ့ မြေကွက်တချို့မှာ အိမ်ထောင်စု ၅၀၀ လောက်ဟာ ကျူးကျော်ပြီး နေအိမ် ဆောက်နေတာဟာ ဒီဇင်ဘာ ၁၆ ရက်ကတည်းက ဖြစ်တယ်လို့ သိရပါတယ်။  အဲဒီနေရာတွေမှာ ပထမအိမ်ထောင်စု ၃၀ လောက်ကစပြီး ကျူးကျော် အိမ်ဆောက်လုပ်ရာကနေ အခုဆို ကျူးကျော်အိမ်ထောင်စု ၅၀၀ လောက်ရှိပြီလို့ ဦးသန်းထွေးက ဆိုပါတယ်။ “သူတို့ကိုလည်း ပြောပြတယ်၊ ဒီနေရာတွေဟာ ပိုင်ရှင်ရှိတဲ့အတွက် မလုပ်ဖို့ ပြောတယ်။ အခုလက်ရှိမှာတော့ သက်ဆိုင်ရာဌာနတွေကနေ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။” အဲဒီမြေတွေမှာ ထပ်ပြီး မကျူးကျော်ဖို့ကိုလည်း သက်ဆိုင်ရာဌာနတွေက အသိပေးစာနဲ့ တားမြစ်ထားပြီးလို့လည်း သိရပါတယ်။ မီးရထားလမ်း အဆင့်မြှင့်တင်ဖို့ ရထားပိုင်မြေနေရာကို ဖယ်ပေးဖို့ အသိပေးစာ ပို့ထားပြီး ဖယ်ရှားပါက နေထိုင်စရာ မရှိတဲ့အတွက် အခုလို ကျူးကျော်ပြီး နေရာဦးနေတာလို့ လတ်တလော ကျူးကျော်နေရာ မှတ်ခဲ့သူ မမီးမီးက ပြောပါတယ်။ ကျူးကျော်သူများ ဝင်ရောက်ကာ နေအိမ်ဆောက်တဲ့နေရာတွေကတော့ ညောင်ပင်သာမြို့က လမ်းဦးစီးပိုင်မြေ အပါအဝင် စက်မှုလယ်ယာပိုင် မြေနေရာနဲ့ တခြားမြေနေရာတချို့ပဲ ဖြစ်ပါတယ်။ ကျော်အောင်(ကညွှတ်ကွင်း)
1 year Ago
Up