ညောင်တုန်းတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် လူဦးရေ ၃၀ ခန့် ရွှေ့ပြောင်းရ

January 2, 2020

ညောင်တုန်းတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် လူဦးရေ ၃၀ ခန့် ရွှေ့ပြောင်းရ

ညောင်တုန်းမြို့နယ်မှာ  ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် နေအိမ်အချို့က လူ ၃၀ လောက် ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ကျောင်းစုကျေးရွာ မြစ်ကမ်းပါး အနီး နေထိုင်တဲ့ နေအိမ် ၉ လုံးက အိမ်ထောင်စု ၉ စု၊ လူဦးရေ ၂၉ ဦး (အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၃ ဦး) တို့မှာ ကျေးရွာအတွင်းရှိ ဆွေမျိုးတွေ နေအိမ်တွေမှာ ရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up