ညောင်တုန်း

A d v e r t i s e m e n t With Us

October 13, 2020

ညောင်တုန်းတွင် ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးသူ ၄ ဦးထိရှိလာ

ဧရာတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာမှာ အောက်တိုဘာ ၉ ရက်နေ့က ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမီးလောင် ခဲ့တဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။ ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုကြောင့်  အောက်တိုဘာလ ၁၀ ရက်နေ့မှာ ၃ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူတို့ သေဆုံးခဲ့ကာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မီးလောင်ခံရတဲ့ ရွာသား ၁ ဦးထပ်မံသေဆုံးခဲ့တာလို့  ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်၀င်းစံက ပြောပါတယ်။ "မီးလောင်တဲ့နေမှာ ၃ ဦးကို စိုးရိမ်ရတဲ့အခြေအနေတွေရှိလို့ မအူပင်ဆေးရုံကြီးကိုပို့ခဲ့တယ်၊ ဒါပေမဲ့ နောက်တနေ့မှာ ညောင်တုန်းဆေးရုံက ၃ နှစ်အရွယ်ကလေးက အရင်ဆုံးတယ်။ နောက်မှ မအူပင်က ၃ ဦးဆုံးတာ၊ အားလုံးကိုတော့ အိမ်ဆောက်ဖို့နဲ့ စားနပ်ရိက္ခာတွေလည်း ထောက်ပံ့ပေးထားပါတယ်"လို့ ပြောပါတယ်။ ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့သူတွေကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ ၁ ဦးကို ကျပ် ၃ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးထားပြီး နေအိမ်မီးလောင်ပျက်စီးပြီး ဆေးရုံတက်ရတဲ့သူတွေကို ၁ ဦး ကျပ်  ၅ သောင်းနှုန်းထောက်ပံ့ပေးထားသလို အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေနဲ့ စားနပ်ရိက္ခာတန်ဖိုးငွေလည်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဂတ်စ်ပိုက်လိုင်းဟာ အမှတ် ၂ ရေနံသဘာ၀ဓာတ်ငွေ့စက်ရုံကနေ ညောင်တုန်း-ကန်ကြီးထောင့်သွယ်တန်းထားတဲ့ ဂတ်စ်ပိုက်လိုင်းဖြစ်ပါတယ်။ အဆိုပါ ဂတ်စ်ပိုက်လိုင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ကျောက်တုံးတွေကြားကနေ ယိုစိမ့်မှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဌာနက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
5 months Ago

September 18, 2020

ညောင်တုန်းတွင် ကမ်းပြိုကျမှုကြောင့် နေအိမ် ၁ လုံးရေထဲမျောပါ၊ အိမ် ၉ လုံး အရေးပေါ်ပြောင်းရွှေ့

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှက် ၄ ရပ်ကွက်တိုးချဲ့နယ်မြေမှာ စက်တင်ဘာ ၁၆ ညနေပိုင်းက ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျကာ  နေအိမ် ၁ လုံးရေထဲမျောပါခဲ့ပြီး နေအိမ် ၉ လုံးကို အရေးပေါ် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ပန်းလှိုင်မြစ်ရေတိုက်စားတဲ့အတွက် မြစ်ကမ်းပါးပြိုကျတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ  မရှိဘူးလို့ ညောင်တုန်းလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ပြိုကျနေအိမ်အပါအဝင် နေအိမ် ၁၀ လုံးက လူဦးရေ ၄၆ ဦးတို့ဟာ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ တာဝန်ရှိသူတွေက ခေတ္တပြောင်းရွှေ့နေရာချထားပေးခဲ့တယ်လို့ ဆိုပါတယ်။ သတင်း- ထူးထူး 
6 months Ago
More News
Up