ညီလာခံတခု ကျင်းပသွားမည်

A d v e r t i s e m e n t With Us

September 17, 2016

ဇီကာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး ညီလာခံတခု ကျင်းပသွားမည်

ဇီကာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ကာကွယ်တားဆီးရေး ပထမဆုံးနိုင်ငံတကာညီလာခံတခုကို လာမယ့်လမှာ ကျူးဘားနိုင်ငံမှာ ကျင်းပမယ်လို့ အမေရိကကျန်းမာရေးအဖွဲ့ချုပ်က ကြာသပတေးနေ့က ကြေညာပါတယ်။ ဒီညီလာခံကို အောက်တိုဘာလ ၂၀ ရက်နဲ့ ၂၁ ရက်၊ ၂ ရက်ကြာ ဟာဗားနားမြို့တော်မှာ ကျင်းပမှာဖြစ်ပြီး လက်ရှိ ဇီကာဗိုင်းရပ်စ် ပျံနှံ့ဖြစ်ပွားနေရတဲ့ နိုင်ငံတွေအားလုံး တက်ရောက်ကြမှာပါ။ စက်တင်ဘာလဆန်းပိုင်းအထိ ကမ္ဘာတ၀န်း ဇီကာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သိန်းကျော်ရှိပြီး ၅ သိန်းနီးပါးလည်း ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယရှိသူတွေဖြစ်တယ်လို့ အမေရိက ကျန်းမာရေးအဖွဲ့ကြီးက ပြောဆိုပါတယ်။ တောင်နဲ့ မြောက်အမေရိကနိုင်ငံတွေနဲ့ ဒေသကြီး ၄၈ ခုမှာ ဇီကာဗိုင်းရပ်စ် ပျံ့ပွားနေပြီး အာရှနဲ့ အာဖရိကနိုင်ငံ ၁၀ နိုင်ငံမှာလည်း ဇီကာကူးစက်ရောဂါဖြစ်ပွားနေပါတယ်။ အခုလို ကူးစက်ပျံ့ပွားမှု ကျယ်ပြန့်တဲ့အတွက် တကမ္ဘာလုံးအတိုင်းအတာနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းပြီး မဟာဗျူဟာတွေ ချမှတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ အမေရိကကျန်းမာရေးအဖွဲ့ချုပ် နိုင်ငံတကာစေ့စပ်ရေးမှူးက ပြောဆိုပါတယ်။
4 years Ago
Up