တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဇူလိုင် ၁၈ ရက်က ညလုံးပေါက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြို့အနှံ့ ရေကြီးရေလျှံခဲ့ပါတယ်။
ဒေသခံ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ မိုးရေချိန် မီလီမီတာ ၈၀ (၃ လက်မကျော်) ရွာသွန်းတာကြောင့် ဇူလိုင် ၁၈ ရက် ညပိုင်းက နှစ်နာရီလောက် မြို့နေရာအနှံ့ ရေကြီးရေလျှံခဲ့တာပါ။
တချို့လမ်းတွေမှာဆိုရင် မြစ်ရေပြင်လို ဖြစ်တဲ့အထိ ရေကြီးခဲ့တာ ဖြစ်ပါတယ်။
ရေကြီးရေလျှံမှုဟာ လူတယောက် ခါးလောက်ထိ ရောက်ရှိခဲ့ပြီး လမ်းပေါ် သွားလာနေတဲ့ ကားတွေကိုလည်း ရေနစ်မြုပ်ခဲ့တာပါ။
မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တခုမှာဆိုရင် မြေအောက် ဥမင်လမ်းတခုမှာ ရဲကားတစင်းလုံး နစ်မြုပ်သွားတာ တွေ့ရပါတယ်။
6 years Ago